ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:27-40 Myanmar Standard Bible (MSB)

27. သင်​သည် မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​ရှိ​လျှင် ကွာ​ရှင်း​ရန်​မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​မ​ရှိ​လျှင် မ​ယား​ကို​မ​ရှာ​နှင့်။

28. သို့​သော် အိမ်​ထောင်​ပြု​လျှင်​လည်း သင်​သည်​အ​ပြစ်​ပြု​သည်​မ​ဟုတ်။ အ​ပျို​က​ညာ​တစ်​ဦး​သည် အိမ်​ထောင်​ပြု​လျှင်​လည်း အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သို့​သော် ထို​သူ​တို့​သည် ကိုယ်​ကာ​ယ​၌ ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်း​ဝေး​စေ​လို​၍​သာ​ဖြစ်​၏။

29. ညီ​အစ်​ကို​တို့၊ ဤ​သို့​ငါ​ဆို​၏။ အ​ချိန်​အ​ခါ​ကုန်​လု​နီး​ပြီ​ဖြစ်​သော​ကြောင့် ယ​ခု​မှ​စ​၍ မ​ယား​ရှိ​သော​သူ​တို့​သည် မ​ယား​မ​ရှိ​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊

30. ငို​ကြွေး​သော​သူ​တို့​သည် မ​ငို​ကြွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​သူ​တို့​သည် ဝမ်း​မြောက်​ခြင်း​မ​ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝယ်​ယူ​သော​သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပိုင်​ဆိုင်​သ​ကဲ့​သို့​လည်း​ကောင်း နေ​ကြ​ပါ​စေ။

31. လော​က​အ​ရာ​ကို​သုံး​စွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အ​ပြည့်​အ​ဝ​မ​သုံး​စွဲ​သ​ကဲ့​သို့ နေ​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ပုံ​စံ​အ​ဖြစ်​သ​နစ်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။

32. ငါ​သည် သင်​တို့​ကို စိုး​ရိမ်​ခြင်း​နှင့်​ကင်း​လွတ်​စေ​လို​၏။ အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​သည် သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​ကို​ဂ​ရု​စိုက်​တတ်​၏။

33. အိမ်​ထောင်​ရှိ​သော​ယောက်ျား​မူ​ကား မိ​မိ​မ​ယား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​သ​ဖြင့်

34. သူ​၏​စိတ်​အာ​ရုံ​သည် ထွေ​ပြား​တတ်​၏။ အိမ်​ထောင်​မ​ရှိ​သော​အ​မျိုး​သ​မီး​နှင့်​အ​ပျို​က​ညာ​တို့​သည် ကိုယ်​ခန္ဓာ​နှင့်​စိတ်​ဝိ​ညာဉ်​နှစ်​ဖြာ​စ​လုံး​သန့်​ရှင်း​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။ အိမ်​ထောင်​ရှိ​သော​အ​မျိုး​သ​မီး​မူ​ကား မိ​မိ​လင်​ယောက်ျား​ကို မည်​ကဲ့​သို့​နှစ်​သက်​စေ​ရ​မည်​ဟူ​သော လော​ကီ​အ​မှု​တို့​ကို​ဂ​ရု​စိုက်​တတ်​၏။

35. ဤ​သို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အ​ကျိုး​အ​တွက်​ဖြစ်​၍ သင်​တို့​ကို​ချုပ်​ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်​၍ အာ​ရုံ​ထွေ​ပြား​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရွက်​နိုင်​ရန်​အ​တွက်​သာ​ဖြစ်​၏။

36. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို အ​ခါ​လင့်​စေ​လျှင် မ​လျောက်​ပတ်​ဟု​ထင်​မှတ်​၍ ထို​သို့​ပြု​စ​ရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အ​တိုင်း​ပြု​ပါ​စေ။ သူ​သည် အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်​ထောင်​ပြု​ပါ​စေ။

37. သို့​သော် သူ​သည် မိ​မိ​စိတ်​နှ​လုံး​ထဲ​၌ အ​ခိုင်​အ​မာ​စိတ်​ပိုင်း​ဖြတ်​ထား​၍ မ​လွှဲ​မ​ရှောင်​သာ​၍​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိ​မိ​အ​လို​ဆန္ဒ​ကို​ထိန်း​ချုပ်​နိုင်​ပြီး မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို​ထိန်း​သိမ်း​ထား​ရန် မိ​မိ​စိတ်​ထဲ​၌ ဆုံး​ဖြတ်​ထား​ပါ​က သူ​သည် ကောင်း​စွာ​ပြု​၏။

38. ထို့​ကြောင့် မိ​မိ​နှင့်​ဆိုင်​သော​အ​ပျို​က​ညာ​ကို ပေး​စား​ဆောင်​နှင်း​သော​သူ​သည် ကောင်း​စွာ​ပြု​၏။ ပေး​စား​ဆောင်​နှင်း​ခြင်း​မ​ပြု​သော​သူ​မူ​ကား သာ​၍​ကောင်း​စွာ​ပြု​၏။

39. မ​ယား​သည် မိ​မိ​လင်​ယောက်ျား​အ​သက်​ရှင်​နေ​သ​ရွေ့​ကာ​လ​ပတ်​လုံး အ​နှောင်​အ​ဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေ​ဆုံး​ခဲ့​လျှင်​မူ​ကား မိ​မိ​နှစ်​သက်​သော​သူ​နှင့် သ​ခင်​ဘု​ရား​၌​သာ အိမ်​ထောင်​ပြု​ခွင့်​ရှိ​၏။

40. သို့​သော် ငါ​၏​ထင်​မြင်​ချက်​အ​ရ သူ​သည် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ​၍​မင်္ဂ​လာ​ရှိ​၏။ ငါ​၌​လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်​ယူ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7