ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:22-32 Myanmar Standard Bible (MSB)

22. အ​ကြောင်း​မူ​ကား ကျွန်​ဖြစ်​စဉ် သ​ခင်​ဘု​ရား​၌ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​သည် သ​ခင်​ဘု​ရား​အား​ဖြင့်​လွတ်​လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထို​နည်း​တူ လွတ်​လပ်​သူ​ဖြစ်​စဉ် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​သည် ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​၏။

23. သင်​တို့​ကို အ​ဖိုး​အ​ခ​နှင့်​ဝယ်​ယူ​ထား​သည်​ဖြစ်​၍ လူ​တို့​၏​ကျွန်​မ​ဖြစ်​ကြ​နှင့်။

24. ညီ​အစ်​ကို​တို့၊ လူ​အ​သီး​သီး​သည် မိ​မိ​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သည့်​အ​ခြေ​အ​နေ​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ဆက်​၍​တည်​နေ​ပါ​စေ။

25. အ​ပျို​က​ညာ​တို့​နှင့်​ပတ်​သက်​၍​မူ​ကား သ​ခင်​ဘု​ရား​၏​ပ​ညတ်​ချက်​ကို ငါ​မ​ရ​ရှိ​ခဲ့​ချေ။ သို့​သော် သ​ခင်​ဘု​ရား​၏​က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​သည့် ယုံ​ကြည်​ထိုက်​သူ​တစ်​ဦး​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ပေး​ရ​မည်​ဆို​လျှင်

26. မျက်​မှောက်​ကြုံ​တွေ့​နေ​ရ​သော ခက်​ခဲ​ကျပ်​တည်း​ခြင်း​ကြောင့် ဤ​အ​တိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူ​ဆ​၏။ ယောက်ျား​သည်​လည်း လက်​ရှိ​အ​ခြေ​အ​နေ​အ​တိုင်း​နေ​လျှင် ကောင်း​၏။

27. သင်​သည် မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​ရှိ​လျှင် ကွာ​ရှင်း​ရန်​မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​အ​နှောင်​အ​ဖွဲ့​မ​ရှိ​လျှင် မ​ယား​ကို​မ​ရှာ​နှင့်။

28. သို့​သော် အိမ်​ထောင်​ပြု​လျှင်​လည်း သင်​သည်​အ​ပြစ်​ပြု​သည်​မ​ဟုတ်။ အ​ပျို​က​ညာ​တစ်​ဦး​သည် အိမ်​ထောင်​ပြု​လျှင်​လည်း အ​ပြစ်​ပြု​သည်​မ​ဟုတ်။ သို့​သော် ထို​သူ​တို့​သည် ကိုယ်​ကာ​ယ​၌ ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်း​ဝေး​စေ​လို​၍​သာ​ဖြစ်​၏။

29. ညီ​အစ်​ကို​တို့၊ ဤ​သို့​ငါ​ဆို​၏။ အ​ချိန်​အ​ခါ​ကုန်​လု​နီး​ပြီ​ဖြစ်​သော​ကြောင့် ယ​ခု​မှ​စ​၍ မ​ယား​ရှိ​သော​သူ​တို့​သည် မ​ယား​မ​ရှိ​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊

30. ငို​ကြွေး​သော​သူ​တို့​သည် မ​ငို​ကြွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​သူ​တို့​သည် ဝမ်း​မြောက်​ခြင်း​မ​ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ဝယ်​ယူ​သော​သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပိုင်​ဆိုင်​သ​ကဲ့​သို့​လည်း​ကောင်း နေ​ကြ​ပါ​စေ။

31. လော​က​အ​ရာ​ကို​သုံး​စွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အ​ပြည့်​အ​ဝ​မ​သုံး​စွဲ​သ​ကဲ့​သို့ နေ​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား ဤ​လော​က​၏​ပုံ​စံ​အ​ဖြစ်​သ​နစ်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။

32. ငါ​သည် သင်​တို့​ကို စိုး​ရိမ်​ခြင်း​နှင့်​ကင်း​လွတ်​စေ​လို​၏။ အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​သည် သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​ရန် သ​ခင်​ဘု​ရား​၏​အ​မှု​ကို​ဂ​ရု​စိုက်​တတ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7