ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7:1-14 Myanmar Standard Bible (MSB)

1. သင်​တို့​ရေး​လာ​သော​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယောက်ျား​သည် မိန်း​မ​နှင့်​အ​တွေ့​အ​ထိ​မ​ရှိ​လျှင် ကောင်း​၏။

2. သို့​သော် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​များ​ကြောင့် ယောက်ျား​အ​သီး​သီး​၌ မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​အ​သီး​သီး​၌​လည်း မိ​မိ​လင်​ယောက်ျား​ရှိ​စေ​လော့။

3. ယောက်ျား​သည် မိ​မိ​မ​ယား​အ​ပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်း​မ​သည်​လည်း မိ​မိ​လင်​ယောက်ျား​အ​ပေါ် ထို​နည်း​တူ​ပြု​ရ​မည်။

4. မ​ယား​သည် မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​က​သာ​ပိုင်​၏။ ထို့​အ​တူ လင်​ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်၊ မ​ယား​က​သာ​ပိုင်​၏။

5. သင်​တို့​သည် ဆု​တောင်း​ခြင်း​အ​တွက် အ​ပြည့်​အ​ဝ​ဆက်​ကပ်​နိုင်​မည့်​အ​ကြောင်း ခေတ္တ​ခ​ဏ​ခွဲ​ခွာ​ပြီး​နောက် ပြန်​၍​ပေါင်း​သင်း​နေ​ထိုင်​ရန် နှစ်​ဦး​သ​ဘော​တူ​ညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အ​ချင်း​ချင်း​၏​ခံ​စား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့​မ​ဟုတ်​လျှင် စာ​တန်​သည် သင်​တို့​၏ မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​မှု​အ​ပေါ် အ​ခွင့်​ကောင်း​ယူ​၍ သင်​တို့​အား ဖြား​ယောင်း​သွေး​ဆောင်​လိမ့်​မည်။

6. ထို​သို့​ဆို​သော် အ​မိန့်​ပေး​ခြင်း​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ အ​ခွင့်​ပေး​ခြင်း​အ​နေ​ဖြင့် ငါ​ဆို​၏။

7. ငါ့​အ​နေ​ဖြင့် လူ​အ​ပေါင်း​တို့​အား ငါ​ကဲ့​သို့​ဖြစ်​စေ​လို​၏။ သို့​သော် လူ​တစ်​ဦး​စီ​၌ ဘု​ရား​သ​ခင်​ထံ​မှ မိ​မိ​ရ​ရှိ​သော​ဆု​ကျေး​ဇူး တစ်​ယောက်​တစ်​မျိုး​စီ​ရှိ​၏။

8. အိမ်​ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မု​ဆိုး​မ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့​သို့​ဆက်​၍​နေ​နိုင်​လျှင် သူ​တို့​အ​တွက်​ကောင်း​၏။

9. သို့​သော် မိ​မိ​ကိုယ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင် အိမ်​ထောင်​ပြု​ကြ​စေ။ အ​ကြောင်း​မူ​ကား ကိ​လေ​သာ​စိတ်​ပူ​လောင်​ခြင်း​ရှိ​သည်​ထက် အိမ်​ထောင်​ပြု​သော် သာ​၍​ကောင်း​၏။

10. အိမ်​ထောင်​ရှိ​သော​သူ​တို့​အား ငါ့​ထံ​မှ​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ထံ​မှ​ညွှန်​ကြား​ချက်​ကို ငါ​ပေး​သည်​ကား မ​ယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲ​ကွာ​စေ​နှင့်။

11. အ​ကယ်​၍ ကွဲ​ကွာ​ခဲ့​လျှင် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ပါ​စေ။ သို့​မ​ဟုတ် လင်​ယောက်ျား​နှင့် ပြန်​လည်​သင့်​မြတ်​ပါ​စေ။ လင်​ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​ကို​မ​စွန့်​ခွာ​စေ​နှင့်။

12. အ​ခြား​သော​သူ​တို့​အား သ​ခင်​ဘု​ရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်​တိုင်​ပြော​ဆို​သည်​မှာ ညီ​အစ်​ကို​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​ရှိ​၍ ထို​မိန်း​မ​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​မိန်း​မ​နှင့်​မ​ကွာ​စေ​နှင့်။

13. ထို​နည်း​တူ အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​တွင် ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေ​ထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။

14. အ​ကြောင်း​မူ​ကား ယုံ​ကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိ​မိ​မ​ယား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ ယုံ​ကြည်​သူ​မ​ဟုတ်​သော​မ​ယား​သည်​လည်း မိ​မိ​လင်​ယောက်ျား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၏။ သို့​မ​ဟုတ်​လျှင် သင်​တို့​၏​သား​သ​မီး​တို့​သည် ညစ်​ညူး​ကြ​လိမ့်​မည်။ သို့​သော် ယ​ခု သူ​တို့​သည် သန့်​ရှင်း​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 7