ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6:1-11 Myanmar Standard Bible (MSB)

1. သင်​တို့​ထဲ​မှ​တစ်​စုံ​တစ်​ဦး​သည် အ​ခြား​သူ​နှင့် အ​မှု​ဖြစ်​ပွား​သော​အ​ခါ သန့်​ရှင်း​သူ​တို့​ရှေ့​၌ စီ​ရင်​ခြင်း​မ​ခံ​ဘဲ မ​ဖြောင့်​မတ်​သော​သူ​တို့​ရှေ့​၌ စီ​ရင်​ခြင်း​ခံ​ဝံ့​သ​လော။

2. သန့်​ရှင်း​သူ​တို့​သည် ဤ​လော​က​ကို​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ သင်​တို့​သည် ဤ​လော​က​ကို​စီ​ရင်​ရ​သည်​ဆို​လျှင် အ​ငယ်​ဆုံး​သော​အ​မှု​များ​ကို​ပင် စီ​ရင်​နိုင်​စွမ်း​မ​ရှိ​ကြ​သ​လော။

3. ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင် ဤ​ဘ​ဝ​နှင့်​ဆိုင်​သော​အ​မှု​ကိစ္စ​များ​ကို ပို​၍​စီ​ရင်​ထိုက်​သည်​မ​ဟုတ်​လော။

4. သို့​ဖြစ်​လင့်​က​စား သင်​တို့​တွင် ဤ​ဘ​ဝ​နှင့်​ဆိုင်​သော အ​မှု​အ​ခင်း​ဖြစ်​ပွား​သော​အ​ခါ အ​သင်း​တော်​က အ​သိ​အ​မှတ်​မ​ပြု​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သူ​အ​ဖြစ်​ခန့်​ထား​ကြ​သ​လော။

5. သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့ ငါ​ဆို​၏။ သင်​တို့​အ​ထဲ​တွင် မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကြား စီ​ရင်​ဆုံး​ဖြတ်​ပေး​နိုင်​မည့် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​သ​လော။

6. ယ​ခု​မူ​ကား ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​တွေ့​ကြ​သည်​သာ​မ​က ထို​အ​မှု​ကို မ​ယုံ​ကြည်​သော​သူ​တို့​ရှေ့​တွင်​ပြု​ကြ​၏။

7. အ​မှန်​စင်​စစ် သင်​တို့​အ​ချင်း​ချင်း​တ​ရား​တွေ့​ခြင်း​အ​မှု​သည် သင်​တို့​အ​တွက် လုံး​လုံး​ရှုံး​နိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထို​သို့​တ​ရား​တွေ့​မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။ လိမ်​ညာ​လု​ယူ​ခြင်း​ကို​သာ အ​ဘယ်​ကြောင့်​မ​ခံ​ကြ​သ​နည်း။

8. သို့​သော် သင်​တို့​သည် မ​တ​ရား​ပြု​၍ လိမ်​ညာ​လု​ယူ​ကြ​ပြီး ထို​အ​မှု​ကို မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​အ​ပေါ် ပြု​ကြ​ပါ​သည်​တ​ကား။

9. သို့​မ​ဟုတ် မ​ဖြောင့်​မတ်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ အ​ယူ​မ​လွဲ​ကြ​နှင့်။ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သူ​များ၊ အ​မျိုး​သား​ပြည့်​တန်​ဆာ​များ၊ လိင်​တူ​ဆက်​ဆံ​သူ​များ၊

10. သူ​ခိုး​များ၊ လော​ဘ​လွန်​ကျူး​သူ​များ၊ သောက်​စား​မူး​ယစ်​သူ​များ၊ ဝေ​ဖန်​ပုတ်​ခတ်​သူ​များ​နှင့် လိမ်​လည်​လု​ယူ​သူ​များ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ကြ​ရ​မည်​မ​ဟုတ်။

11. သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့​သော် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​နှင့် ငါ​တို့​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆေး​ကြော​ခြင်း​ခံ​ရ​၍ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကာ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 6