ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:5-13 Myanmar Standard Bible (MSB)

5. ထို​သူ​၏​ဝိ​ညာဉ်​သည် သ​ခင်​ဘု​ရား​၏​နေ့​ရက်​၌ ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​သွေး​သား​ပျက်​စီး​ဖို့​ရန် ထို​သူ​ကို စာ​တန်​လက်​သို့​အပ်​နှံ​လိုက်​ပြီ။

6. သင်​တို့​၏​ဝါ​ကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

7. သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​ကြ​သည်​နှင့်​အ​ညီ အ​သစ်​သော​မုန့်​ညက်​ဖြစ်​နိုင်​ရန် တ​ဆေး​ဟောင်း​ကို​ဖယ်​ရှား​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​တွက် သိုး​သ​ငယ်​တည်း​ဟူ​သော​ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။

8. ထို့​ကြောင့် ငါ​တို့​သည် တ​ဆေး​ဟောင်း​တည်း​ဟူ​သော ဆိုး​ညစ်​ခြင်း​နှင့်​မ​လို​တ​မာ​ဖြစ်​ခြင်း​တို့​၏​တ​ဆေး​ပါ​သော​မုန့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ဖြူ​စင်​ခြင်း​နှင့်​သမ္မာ​တ​ရား​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​အား​ဖြင့် ပွဲ​တော်​ကို​ကျင်း​ပ​ကြ​ကုန်​စို့။

9. သင်​တို့​ထံ​ပေး​ပို့​သော ငါ​၏​စာ​၌ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ​နှင့် အ​ပေါင်း​အ​ဖော်​မ​ပြု​ကြ​ရန် ငါ​ရေး​သား​မှာ​ကြား​ခဲ့​၏။

10. သို့​ရာ​တွင် ဤ​လော​က​ရှိ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​များ၊ လော​ဘ​လွန်​ကျူး​၍ လိမ်​လည်​လု​ယူ​သူ​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​နှင့် လုံး​ဝ​အ​ပေါင်း​အ​ဖော်​မ​ပြု​ရ​ဟု ငါ​ဆို​လို​သည်​မ​ဟုတ်။ ထို​သို့​ဆို​လျှင် သင်​တို့​သည် ဤ​လော​က​မှ ထွက်​ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။

11. သို့​သော် အ​မှန်​အား​ဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီ​အစ်​ကို​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​တစ်​စုံ​တစ်​ဦး​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ၊ လော​ဘ​လွန်​ကျူး​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ ဝေ​ဖန်​ပုတ်​ခတ်​သူ၊ သောက်​စား​မူး​ယစ်​သူ၊ လိမ်​လည်​လု​ယူ​သူ​ဖြစ်​လျှင် ထို​ကဲ့​သို့​သော​သူ​နှင့် အ​ပေါင်း​အ​ဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်​အ​တူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ​၍​ဖြစ်​၏။

12. အ​ကြောင်း​မူ​ကား အ​ပြင်​လူ​တို့​ကို​စီ​ရင်​ခြင်း​သည် ငါ​နှင့်​မည်​သို့​ဆိုင်​သ​နည်း။ အ​တွင်း​လူ​တို့​ကို သင်​တို့​စီ​ရင်​ရ​မည်​မ​ဟုတ်​လော။

13. အ​ပြင်​လူ​တို့​ကို​မူ​ကား ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ထို​ဆိုး​ညစ်​သော​သူ​ကို သင်​တို့​အ​ထဲ​မှ ဖယ်​ရှား​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5