ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:5-20 Myanmar Standard Bible (MSB)

5. သို့​ဖြစ်​၍ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မ​မူ​မီ မည်​သည့်​အ​ရာ​ကို​မျှ အ​ချိန်​မ​တန်​ဘဲ မ​စီ​ရင်​ကြ​နှင့်။ ထို​သ​ခင်​သည် အ​မှောင်​ထဲ​၌ ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​ကို အ​လင်း​သို့​ယူ​ဆောင်​လာ​ပြီး စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​သည် ဘု​ရား​သ​ခင်​ထံ​တော်​မှ ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

6. ညီ​အစ်​ကို​တို့၊ ငါ​သည် ငါ​နှင့်​အာ​ပေါ​လု​တို့​အ​ကြောင်း​ကို​ပုံ​ဆောင်​လျက် ဤ​အ​ရာ​များ​ကို သင်​တို့​အ​တွက်​ဖော်​ပြ​၏။ ဤ​သည်​ကား သင်​တို့​သည် ကျမ်း​စာ​၌​ရေး​ထား​သော​အ​ရာ​တို့​ကို မ​ကျော်​လွန်​မည့်​အ​ကြောင်း ငါ​တို့​ကို​စံ​န​မူ​နာ​ထား​၍ သင်​ယူ​ကြ​စေ​ရန်​နှင့် တစ်​ဦး​ဘက်​၌​နေ​၍ အ​ခြား​တစ်​ဦး​အ​ပေါ် မာ​န​ထောင်​လွှား​ခြင်း​မ​ရှိ​ကြ​စေ​ရန်​ဖြစ်​၏။

7. အ​ကြောင်း​မူ​ကား မည်​သူ​သည် သင့်​ကို​ထူး​ခြား​စေ​သ​နည်း။ သင်​ခံ​ယူ​ရ​ရှိ​သော​အ​ရာ​မ​ဟုတ်​ဘဲ သင်​၌​န​ဂို​က​တည်း​က ရှိ​ထား​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ သင်​ခံ​ယူ​ရ​ရှိ​ခဲ့​သည့်​အ​ရာ​ဖြစ်​သည်​မှန်​လျှင် ခံ​ယူ​ရ​ရှိ​ခဲ့​သည့်​အ​ရာ​မ​ဟုတ်​သ​ကဲ့​သို့ အ​ဘယ်​ကြောင့်​ဝါ​ကြွား​သ​နည်း။

8. သင်​တို့​သည် ပြည့်​စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်​ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုး​စံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်​အ​တူ​စိုး​စံ​နိုင်​ရန် သင်​တို့​သည် အ​မှန်​တ​ကယ်​စိုး​စံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။

9. ဘု​ရား​သ​ခင်​သည် တ​မန်​တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်​ဆုံး​တွင်​ထား​၍ အ​သေ​သတ်​ခြင်း​ခံ​ရ​မည့်​သူ​များ​ကဲ့​သို့ ထုတ်​ပြ​တော်​မူ​ပြီ​ဟု ငါ​ထင်​မှတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် ကောင်း​ကင်​တ​မန်​များ​ရှေ့​၌​ဖြစ်​စေ၊ လူ​တို့​ရှေ့​၌​ဖြစ်​စေ တစ်​လော​က​လုံး​အ​တွက် ရှု​စား​စ​ရာ​ဖြစ်​လာ​ကြ​၏။

10. ငါ​တို့​သည် ခ​ရစ်​တော်​အ​တွက် မိုက်​မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူ​ကား ခ​ရစ်​တော်​၌ ပ​ညာ​သ​တိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အား​နည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူ​ကား ခွန်​အား​ကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်​သ​ရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူ​ကား ဂုဏ်​သ​ရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။

11. ငါ​တို့​သည် ယ​ခု​အ​ချိန်​တိုင်​အောင် ဆာ​လောင်​မွတ်​သိပ်​လျက်၊ အ​ဝတ်​မဲ့​လျက်၊ ထိုး​နှက်​ခြင်း​ခံ​ရ​လျက်၊ အိမ်​ရာ​မဲ့​လျက်၊

12. မိ​မိ​တို့​လက်​ဖြင့် အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ရ​ကြ​၏။ ပုတ်​ခတ်​ပြော​ဆို​ခြင်း​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​အ​ခါ သည်း​ခံ​ကြ​၏။

13. စော်​ကား​ပြော​ဆို​ခြင်း​ခံ​ရ​သော​အ​ခါ မေတ္တာ​ပြ​ကြ​၏။ ယ​ခု​တိုင်​အောင် ငါ​တို့​သည် လူ​တ​ကာ​တို့​၏​အ​ပယ်​ခံ​များ၊ လော​က​၏​အ​မှိုက်​သ​ရိုက်​များ​ကဲ့​သို့ ဖြစ်​ရ​ကြ​၏။

14. ဤ​အ​ရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​အား အ​ရှက်​ရ​စေ​ရန်​မ​ဟုတ်​ဘဲ ငါ​၏​ချစ်​သား​သ​မီး​များ​အ​ဖြစ် သ​တိ​ပေး​ဆုံး​မ​ရန်​သာ​ဖြစ်​၏။

15. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​၌ သင်​တို့​ကို​အုပ်​ထိန်း​သူ တစ်​သောင်း​ရှိ​သော်​လည်း ဖ​ခင်​မူ​ကား များ​စွာ​မ​ရှိ။ ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကို​မွေး​ဖွား​ပေး​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၏။

16. သို့​ဖြစ်​၍ ငါ့​ကို​အ​တု​ယူ​သူ​များ​ဖြစ်​ကြ​ရန် သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

17. ဤ​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား​၌​သစ္စာ​ရှိ​သော ငါ​၏​ချစ်​သား တိ​မော​သေ​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​၏။ သူ​သည် အ​ရပ်​ရပ်​တို့​၌ အ​သင်း​တော်​တိုင်း​တွင် ငါ​သွန်​သင်​သည့်​အ​တိုင်း ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​လိုက်​လျှောက်​သော​လမ်း​တို့​ကို သင်​တို့​အား သ​တိ​ရ​စေ​လိမ့်​မည်။

18. လူ​အ​ချို့​တို့​သည် သင်​တို့​ထံ​သို့ ငါ​ရောက်​လာ​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​၍ မာ​န​ထောင်​လွှား​လျက်​ရှိ​ကြ​၏။

19. သို့​သော် သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​လျှင် ငါ​သည် သင်​တို့​ထံ​သို့ မ​ကြာ​မီ​လာ​၍ မာ​န​ထောင်​လွှား​သော​သူ​တို့​၏​စ​ကား​မ​ဟုတ်​ဘဲ သူ​တို့​၏​တန်​ခိုး​ကို သိ​ရ​လိမ့်​မည်။

20. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် စ​ကား​၌​မ​တည်​ဘဲ တန်​ခိုး​၌​တည်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4