ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-8 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် လူ​တို့​သည် ငါ​တို့​အား ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို စောင့်​ရှောက်​ရ​သော ဘဏ္ဍာ​စိုး​အ​ဖြစ်​လည်း​ကောင်း မှတ်​ယူ​ပါ​စေ။

2. ဤ​နေ​ရာ​တွင် ဘဏ္ဍာ​စိုး​သည် သစ္စာ​ရှိ​ကြောင်း အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သူ​ဖြစ်​ရ​မည်။

3. ငါ​သည် သင်​တို့​ထံ​၌​ဖြစ်​စေ၊ လူ​တို့​၏​ခုံ​ရုံး​၌​ဖြစ်​စေ စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော်​လည်း ငါ့​အ​တွက် သေး​ငယ်​သော​အ​မှု​သာ​ဖြစ်​၏။ ငါ​သည် မိ​မိ​ကိုယ်​ကို​လည်း စစ်​ဆေး​စီ​ရင်​ခြင်း​မ​ပြု။

4. အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ကိုယ်​ကိုယ်​စိတ်​လုံ​၏။ သို့​သော် ထို​သို့​ဖြစ်​သည့်​အ​တွက် ငါ​သည် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်​ဆေး​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား သ​ခင်​ဘု​ရား​ပေ​တည်း။

5. သို့​ဖြစ်​၍ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မ​မူ​မီ မည်​သည့်​အ​ရာ​ကို​မျှ အ​ချိန်​မ​တန်​ဘဲ မ​စီ​ရင်​ကြ​နှင့်။ ထို​သ​ခင်​သည် အ​မှောင်​ထဲ​၌ ကွယ်​ဝှက်​ထား​သော​အ​ရာ​များ​ကို အ​လင်း​သို့​ယူ​ဆောင်​လာ​ပြီး စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​သည် ဘု​ရား​သ​ခင်​ထံ​တော်​မှ ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

6. ညီ​အစ်​ကို​တို့၊ ငါ​သည် ငါ​နှင့်​အာ​ပေါ​လု​တို့​အ​ကြောင်း​ကို​ပုံ​ဆောင်​လျက် ဤ​အ​ရာ​များ​ကို သင်​တို့​အ​တွက်​ဖော်​ပြ​၏။ ဤ​သည်​ကား သင်​တို့​သည် ကျမ်း​စာ​၌​ရေး​ထား​သော​အ​ရာ​တို့​ကို မ​ကျော်​လွန်​မည့်​အ​ကြောင်း ငါ​တို့​ကို​စံ​န​မူ​နာ​ထား​၍ သင်​ယူ​ကြ​စေ​ရန်​နှင့် တစ်​ဦး​ဘက်​၌​နေ​၍ အ​ခြား​တစ်​ဦး​အ​ပေါ် မာ​န​ထောင်​လွှား​ခြင်း​မ​ရှိ​ကြ​စေ​ရန်​ဖြစ်​၏။

7. အ​ကြောင်း​မူ​ကား မည်​သူ​သည် သင့်​ကို​ထူး​ခြား​စေ​သ​နည်း။ သင်​ခံ​ယူ​ရ​ရှိ​သော​အ​ရာ​မ​ဟုတ်​ဘဲ သင်​၌​န​ဂို​က​တည်း​က ရှိ​ထား​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ သင်​ခံ​ယူ​ရ​ရှိ​ခဲ့​သည့်​အ​ရာ​ဖြစ်​သည်​မှန်​လျှင် ခံ​ယူ​ရ​ရှိ​ခဲ့​သည့်​အ​ရာ​မ​ဟုတ်​သ​ကဲ့​သို့ အ​ဘယ်​ကြောင့်​ဝါ​ကြွား​သ​နည်း။

8. သင်​တို့​သည် ပြည့်​စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်​ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုး​စံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်​အ​တူ​စိုး​စံ​နိုင်​ရန် သင်​တို့​သည် အ​မှန်​တ​ကယ်​စိုး​စံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4