ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:2-18 Myanmar Standard Bible (MSB)

2. သင်​တို့​သည် မာ​သော​အ​စာ​ကို မ​စား​နိုင်​ကြ​သေး​သော​ကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယ​ခု​တိုင်​အောင် သင်​တို့​သည် မာ​သော​အ​စာ​ကို မ​စား​နိုင်​ကြ​သေး။

3. အ​ကြောင်း​မူ​ကား သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား​၌ မ​နာ​လို​ခြင်း​နှင့်​ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာ​မန်​လူ​သား​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သော​ကြောင့်​မ​ဟုတ်​လော။

4. အ​ကြောင်း​မူ​ကား တစ်​ဦး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အ​ခြား​တစ်​ဦး​က “ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာ​မန်​လူ​သား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

5. သို့​ဖြစ်​လျှင် အာ​ပေါ​လု​ကား မည်​သူ​နည်း။ ပေါ​လု​ကား မည်​သူ​နည်း။ သူ​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့​ပို့​ဆောင်​ပေး​သော အ​မှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။

6. ငါ​သည် စိုက်​ပျိုး​၏။ အာ​ပေါ​လု​သည် ရေ​လောင်း​၏။ သို့​သော် ကြီး​ထွား​စေ​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

7. ထို့​ကြောင့် စိုက်​ပျိုး​သော​သူ​ဖြစ်​စေ၊ ရေ​လောင်း​သော​သူ​ဖြစ်​စေ ပ​ဓာ​န​မ​ဟုတ်။ ကြီး​ထွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် ပ​ဓာ​န​ဖြစ်​တော်​မူ​၏။

8. စိုက်​ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​တို့​သည် မိ​မိ​ကြိုး​ပမ်း​အား​ထုတ်​သည့်​အ​တိုင်း ဆု​လာဘ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

9. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်၊ ဘု​ရား​သ​ခင်​၏​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။

10. ငါ့​အား ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ပ​ညာ​ရှိ​သော​ဗိ​သု​ကာ​ကဲ့​သို့ ငါ​သည် အုတ်​မြစ်​ကို​ချ​ထား​ခဲ့​ပြီး အ​ခြား​သော​သူ​သည် ၎င်း​အ​ပေါ်​တွင်​တည်​ဆောက်​၏။ သို့​သော် မည်​ကဲ့​သို့​တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ရ​မည်။

11. အ​ကြောင်း​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​အုတ်​မြစ်​ကို မည်​သူ​မျှ​မ​ချ​နိုင်။

12. တစ်​စုံ​တစ်​ဦး​သည် ထို​အုတ်​မြစ်​ပေါ်​တွင် ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ သစ်​သား၊ မြက်​ခြောက်၊ ကောက်​ရိုး​တို့​ဖြင့် တည်​ဆောက်​လျှင်

13. ထို​သူ​ပြု​လုပ်​သော​အ​ရာ​သည် ထင်​ရှား​လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​နေ့​ရက်​သည် ၎င်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​နေ့​ရက်​သည် မီး​အား​ဖြင့်​ပေါ်​ထွန်း​လာ​၍ လူ​တစ်​ဦး​စီ​ပြု​လုပ်​သော​အ​ရာ​သည် မည်​ကဲ့​သို့​ပြု​လုပ်​ထား​သည်​ကို မီး​သည်​စစ်​ဆေး​လိမ့်​မည်။

14. တစ်​စုံ​တစ်​ဦး​တည်​ဆောက်​ပြု​လုပ်​သော​အ​ရာ​သည် တည်​မြဲ​လျှင် ထို​သူ​သည် ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်။

15. တစ်​စုံ​တစ်​ဦး​ပြု​လုပ်​သော​အ​ရာ​သည် လောင်​ကျွမ်း​သွား​ပါ​က ထို​သူ​သည် ဆုံး​ရှုံး​မှု​ကို​ခံ​စား​ရ​လိမ့်​မည်။ သို့​သော် သူ​ကိုယ်​တိုင်​မူ​ကား မီး​ထဲ​မှ​လွတ်​သော​သူ​ကဲ့​သို့ ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

16. သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​ပြီး ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော။

17. မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​ဖျက်​ဆီး​လျှင် ဘု​ရား​သ​ခင်​သည် သူ့​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည် သန့်​ရှင်း​၍ သင်​တို့​သည် ထို​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။

18. မည်​သူ​မျှ ကိုယ့်​ကိုယ်​ကိုယ်​မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်​စုံ​တစ်​ဦး​က မိ​မိ​သည် ဤ​လော​က​၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျှင် ထို​သူ​သည် ပ​ညာ​ရှိ​ဖြစ်​နိုင်​ရန် မိုက်​မဲ​သော​သူ​ဖြစ်​ပါ​စေ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3