9. သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ဘုရားသခင်သည် မိမိအားချစ်သောသူတို့အတွက် ပြင်ဆင်ထားတော်မူ၏။”
10. သို့သော် ဘုရားသခင်သည် ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာများမှစ၍ ခပ်သိမ်းသောအရာတို့ကို စူးစမ်းတော်မူ၏။
11. လူနှင့်ဆိုင်သောအရာတို့ကို သူ့အထဲ၌ရှိသော သူ၏ဝိညာဉ်မှတစ်ပါး မည်သူသိသနည်း။ ထို့အတူ ဘုရားသခင်နှင့်ဆိုင်သောအရာတို့ကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှမသိ။
12. ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။
13. ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို ငါတို့ဟောပြောသောအခါ လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်က သင်ကြားပေးသောစကားအားဖြင့် ဟောပြော၍ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို ဝိညာဉ်သဘောအားဖြင့် နှိုင်းယှဉ်သုံးသပ်ကြ၏။