ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:1-10 Myanmar Standard Bible (MSB)

1. ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​ရောက်​လာ​စဉ်​က ထူး​မြတ်​သော​စ​ကား​နှင့် ဉာဏ်​ပ​ညာ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို သင်​တို့​အား ဟော​ပြော​သည်​မ​ဟုတ်။

2. အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​တွင် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သည့် ထို​သ​ခင်​၏​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မ​သိ​မ​မှတ်​ရန် ဆုံး​ဖြတ်​ထား​၏။

3. ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​က အား​နည်း​၍ ကြောက်​ရွံ့​ကာ အ​လွန်​တုန်​လှုပ်​လျက်​နေ​၏။

4. ငါ​၏​စ​ကား​နှင့် ငါ​၏​ဟော​ပြော​ချက်​တို့​သည်​လည်း ဆွဲ​ဆောင်​မှု​ရှိ​သည့် ဉာဏ်​ပ​ညာ​စ​ကား​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး​တော်​တို့​၏​သက်​သေ​အ​ထောက်​အ​ထား​အား​ဖြင့်​ဖြစ်​၏။

5. ဤ​သည်​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်​ပ​ညာ​၌​မ​တည်​ဘဲ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌​တည်​မည့်​အ​ကြောင်း​တည်း။

6. သို့​ရာ​တွင် ငါ​တို့​သည် စုံ​လင်​ရင့်​ကျက်​သော​သူ​တို့​အ​ထဲ​၌ ဉာဏ်​ပ​ညာ​စ​ကား​ကို​ပြော​ဆို​ကြ​၏။ ထို​သို့​ဆို​သော် ၎င်း​သည် ဤ​လော​က​၏​ဉာဏ်​ပ​ညာ​မ​ဟုတ်။ ပယ်​ဖျက်​ခြင်း​ခံ​ရ​တော့​မည့် ဤ​လော​က​ကို​အုပ်​ချုပ်​သူ​တို့​၏​ဉာဏ်​ပ​ညာ​လည်း​မ​ဟုတ်။

7. ငါ​တို့​ပြော​ဆို​သော​အ​ရာ​မှာ ဝှက်​ထား​ခြင်း​ခံ​ရ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​ပင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်​ပ​ညာ​ကို ငါ​တို့​၏​ဘုန်း​အ​သ​ရေ​အ​တွက် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။

8. ဤ​လော​က​ကို​အုပ်​ချုပ်​သူ​များ​တွင် မည်​သူ​က​မျှ ထို​ဉာဏ်​ပ​ညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူ​ကား ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။

9. သို့​သော် ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ “မျက်​စိ​ဖြင့် မ​မြင်​ဖူး​သော​အ​ရာ၊ နား​ဖြင့် မ​ကြား​ဖူး​သော​အ​ရာ၊ လူ​၏​စိတ်​နှ​လုံး​၌ မ​တွေး​မိ​ဖူး​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အား​ချစ်​သော​သူ​တို့​အ​တွက် ပြင်​ဆင်​ထား​တော်​မူ​၏။”

10. သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ရာ​များ​မှ​စ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2