ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16:9-18 Myanmar Standard Bible (MSB)

9. အ​ကြောင်း​မူ​ကား ထိ​ရောက်​မှု​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​အ​တွက် ကြီး​မား​သော​တံ​ခါး​သည် ငါ့​အ​တွက်​ပွင့်​လျက်​ရှိ​၍ ဆန့်​ကျင်​သော​သူ​လည်း များ​စွာ​ရှိ​ကြ​၏။

10. တိ​မော​သေ​ရောက်​လာ​လျှင် သူ​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​နိုင်​ရန် ဂ​ရု​စိုက်​ကြ​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ငါ​ကဲ့​သို့​ပင် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နေ​၏။

11. ထို့​ကြောင့် မည်​သူ​မျှ သူ့​ကို​မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ သူ​ရောက်​လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်​၍ သူ​သည် ငါ့​ထံ​သို့​ပြန်​လာ​နိုင်​ရန် သူ့​ကို ငြိမ်း​ချမ်း​စွာ​ပို့​ဆောင်​ကြ​လော့။

12. ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍ သူ​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ သင်​တို့​ထံ​သို့​လာ​ရန် သူ့​ကို လေး​လေး​နက်​နက် ငါ​တိုက်​တွန်း​ခဲ့​သော်​လည်း သူ​သည် ယ​ခု​လာ​ရန် ဆန္ဒ​အ​လျဉ်း​မ​ရှိ။ သို့​သော် အ​ခွင့်​သာ​သော​အ​ခါ သူ​လာ​လိမ့်​မည်။

13. သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌ ခိုင်​မြဲ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ကြံ့​ခိုင်​သန်​စွမ်း​ကြ​လော့။

14. သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေတ္တာ​ဖြင့် ပြု​ကြ​လော့။

15. ညီ​အစ်​ကို​တို့၊ သ​တေ​ဖ​နာ​၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​၏​အ​သီး​ဦး​ဖြစ်​ကြ​ပြီး သန့်​ရှင်း​သူ​တို့​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16. ထို​သို့​သော​သူ​တို့​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​လျက် ကြိုး​စား​အား​ထုတ်​နေ​သော​သူ​အား​လုံး​တို့​ကို​နာ​ခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

17. သ​တေ​ဖ​နာ၊ ဖော်​တု​နတ်​နှင့် အ​ခါ​ယ​ကု​တို့​သည် ရောက်​လာ​ကြ​သော​ကြောင့် ငါ​ဝမ်း​မြောက်​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သင်​တို့​၏​လစ်​ဟင်း​မှု​ကို ဖြည့်​ဆည်း​ပေး​၍

18. ငါ​၏​စိတ်​ဝိ​ညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​အား ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​ကြ​၏။ သို့​ဖြစ်​၍ ထို​သို့​သော​သူ​တို့​ကို အ​သိ​အ​မှတ်​ပြု​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16