17. သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့သည် ရောက်လာကြသောကြောင့် ငါဝမ်းမြောက်၏။ အကြောင်းမူကား သူတို့သည် သင်တို့၏လစ်ဟင်းမှုကို ဖြည့်ဆည်းပေး၍
18. ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
19. အာရှပြည်ရှိအသင်းတော်များသည် သင်တို့ကိုနှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌စုဝေးသောအသင်းတော်သည် သခင်ဘုရား၌ သင်တို့ကိုလှိုက်လှဲစွာနှုတ်ဆက်ကြ၏။
20. ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။ အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။
21. ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။
22. မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
23. သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
24. ငါ၏ချစ်ခြင်းမေတ္တာသည် ခရစ်တော်ယေရှု၌ သင်တို့အားလုံးနှင့်အတူရှိပါစေသော။