ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16:12-24 Myanmar Standard Bible (MSB)

12. ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍ သူ​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ သင်​တို့​ထံ​သို့​လာ​ရန် သူ့​ကို လေး​လေး​နက်​နက် ငါ​တိုက်​တွန်း​ခဲ့​သော်​လည်း သူ​သည် ယ​ခု​လာ​ရန် ဆန္ဒ​အ​လျဉ်း​မ​ရှိ။ သို့​သော် အ​ခွင့်​သာ​သော​အ​ခါ သူ​လာ​လိမ့်​မည်။

13. သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌ ခိုင်​မြဲ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ကြံ့​ခိုင်​သန်​စွမ်း​ကြ​လော့။

14. သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေတ္တာ​ဖြင့် ပြု​ကြ​လော့။

15. ညီ​အစ်​ကို​တို့၊ သ​တေ​ဖ​နာ​၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​၏​အ​သီး​ဦး​ဖြစ်​ကြ​ပြီး သန့်​ရှင်း​သူ​တို့​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16. ထို​သို့​သော​သူ​တို့​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​လျက် ကြိုး​စား​အား​ထုတ်​နေ​သော​သူ​အား​လုံး​တို့​ကို​နာ​ခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

17. သ​တေ​ဖ​နာ၊ ဖော်​တု​နတ်​နှင့် အ​ခါ​ယ​ကု​တို့​သည် ရောက်​လာ​ကြ​သော​ကြောင့် ငါ​ဝမ်း​မြောက်​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် သင်​တို့​၏​လစ်​ဟင်း​မှု​ကို ဖြည့်​ဆည်း​ပေး​၍

18. ငါ​၏​စိတ်​ဝိ​ညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​အား ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ပေး​ကြ​၏။ သို့​ဖြစ်​၍ ထို​သို့​သော​သူ​တို့​ကို အ​သိ​အ​မှတ်​ပြု​ကြ​လော့။

19. အာ​ရှ​ပြည်​ရှိ​အ​သင်း​တော်​များ​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ​နှင့်​ပြစ်​ကိ​လ​တို့​မှ​စ​၍ သူ​တို့​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​လှိုက်​လှဲ​စွာ​နှုတ်​ဆက်​ကြ​၏။

20. ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။

21. ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။

22. မည်​သူ​မ​ဆို သ​ခင်​ဘု​ရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။ သ​ခင်​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။

23. သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

24. ငါ​၏​ချစ်​ခြင်း​မေတ္တာ​သည် ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 16