ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:7-21 Myanmar Standard Bible (MSB)

7. ထို့​နောက် ကိုယ်​တော်​သည် ယာ​ကုပ်​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး တ​မန်​တော်​အား​လုံး​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​၏။

8. နောက်​ဆုံး​တွင် အ​ချိန်​မ​တော်​မ​တန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်​ရှား​ပြ​တော်​မူ​၏။

9. အ​မှန်​စင်​စစ် ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို ညှဉ်း​ဆဲ​ခဲ့​သော​ကြောင့် တ​မန်​တော်​များ​ထဲ​တွင် အ​သေး​သိမ်​ဆုံး​သော​သူ​ဖြစ်​ပြီး တ​မန်​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

10. သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ယ​ခု ငါ​ဖြစ်​သည့်​အ​တိုင်း ငါ​ဖြစ်​၏။ ငါ့​အ​ပေါ်​သက်​ရောက်​သော ကိုယ်​တော်​၏​ကျေး​ဇူး​တော်​သည်​လည်း အ​ချည်း​နှီး​မ​ဖြစ်​သည်​သာ​မ​က ငါ​သည် သူ​တို့​အား​လုံး​ထက် သာ​၍​ကြိုး​စား​လုပ်​ဆောင်​ခဲ့​၏။ ထို​သို့​ဆို​သော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​က​သာ လုပ်​ဆောင်​တော်​မူ​ခြင်း​ဖြစ်​၏။

11. ထို့​ကြောင့် ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ ထို​သို့​ဟော​ပြော​ကြ​၏။ သင်​တို့​သည်​လည်း ထို​သို့​ယုံ​ကြည်​ကြ​၏။

12. ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု ဟော​ပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲ​မှ အ​ချို့​တို့​က သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု အ​ဘယ်​ကြောင့်​ပြော​ဆို​ကြ​သ​နည်း။

13. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

14. ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​၏​ဟော​ပြော​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်​၏။

15. ထို​မျှ​မ​က ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ မ​မှန်​သော​သက်​သေ​ထွက်​ဆို​သော​သူ​များ ဖြစ်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မ​မူ​လျှင် ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မ​မူ​သော​ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သက်​သေ​ခံ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

16. အ​ကြောင်း​မူ​ကား သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ခ​ရစ်​တော်​သည်​လည်း ထ​မြောက်​တော်​မူ​ခဲ့​မည်​မ​ဟုတ်။

17. ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၍ သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​ထဲ​၌​ရှိ​နေ​ကြ​သေး​၏။

18. သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၌ အိပ်​ပျော်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ကြ​လေ​ပြီ။

19. ငါ​တို့​သည် ခ​ရစ်​တော်​၌ ယ​ခု​ဘ​ဝ​အ​တွက်​သာ မျှော်​လင့်​စ​ရာ​ရှိ​ခဲ့​လျှင် လူ​အ​ပေါင်း​တို့​ထက် ပို​၍​သ​နား​စ​ရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်​မည်။

20. ယ​ခု​မူ​ကား ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​၍ အိပ်​ပျော်​သော​သူ​တို့​တွင် အ​သီး​ဦး​ဖြစ်​တော်​မူ​ပြီ။

21. အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​သ​ကဲ့​သို့ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15