ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:50-58 Myanmar Standard Bible (MSB)

50. ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည်​လည်း ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။

51. နား​ထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အား​လုံး​သည် အိပ်​ပျော်​ကြ​ရ​မည်​မ​ဟုတ်။

52. သို့​သော် နောက်​ဆုံး​သော​တံ​ပိုး​ခ​ရာ​မှုတ်​ချိန်​၌ မျက်​စိ​တစ်​မှိတ်​အ​တွင်း တစ်​ခ​ဏ​ချင်း​တွင် ငါ​တို့​အား​လုံး​သည် ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား တံ​ပိုး​ခ​ရာ​မှုတ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လည်း ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။

53. အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၏။

54. ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို​ဝတ်​ဆင်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​သော​အ​ခါ “သေ​ခြင်း​သည် အောင်​မြင်​ခြင်း​၌ နစ်​မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စ​ကား​ပြည့်​စုံ​လိမ့်​မည်။

55. “အို သေ​ခြင်း၊ သင်​၏​အောင်​မြင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အို သေ​ခြင်း၊ သင်​၏​အ​ဆိပ်​ဆူး​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။”

56. သေ​ခြင်း​၏​အ​ဆိပ်​ဆူး​သည် အ​ပြစ်​ဖြစ်​၍ အ​ပြစ်​၏​တန်​ခိုး​သည် ပ​ညတ်​တ​ရား​ဖြစ်​၏။

57. သို့​သော် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား အောင်​မြင်​ခြင်း​ကို​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

58. ထို့​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၌ သင်​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​၍ ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ဖောက်​ပြန်​ရွေ့​လျော​ခြင်း​မ​ရှိ​ဘဲ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​စဉ်​အ​မြဲ စွမ်း​စွမ်း​တ​မံ​ဆောင်​ရွက်​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15