ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:42-53 Myanmar Standard Bible (MSB)

42. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။

43. အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ အား​နည်း​သော​အ​ရာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ခွန်​အား​နှင့်​ပြည့်​စုံ​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။

44. ဇာ​တိ​ကိုယ်​ခန္ဓာ​အ​ဖြစ် စိုက်​ပျိုး​ခြင်း​ခံ​ရ​၍ ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​၏။ ဇာ​တိ​ကိုယ်​ခန္ဓာ​ရှိ​လျှင် ဝိ​ညာဉ်​ကိုယ်​ခန္ဓာ​လည်း​ရှိ​၏။

45. ထို့​ကြောင့် ကျမ်း​စာ​၌ “ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သူ​ဖြစ်​လာ​၏”​ဟု ရေး​ထား​၏။ နောက်​ဆုံး​အာ​ဒံ​သည် အ​သက်​ကို​ရ​ရှိ​စေ​သော​ဝိ​ညာဉ်​ဖြစ်​၏။

46. သို့​သော် ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာ​တိ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​ပြီး​မှ ဝိ​ညာဉ်​နှင့်​ဆိုင်​သော​အ​ရာ​သည် ဖြစ်​ပေါ်​လာ​၏။

47. ပ​ထ​မ​လူ​သည် မြေ​ကြီး​မှ​ဖြစ်​၍ မြေ​မှုန့်​နှင့်​ဆိုင်​၏။ ဒု​တိ​ယ​လူ​သည် ကောင်း​ကင်​မှ​ဖြစ်​၏။

48. မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​မူ​ကား ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​ကဲ့​သို့​ဖြစ်​၏။

49. ငါ​တို့​သည် မြေ​မှုန့်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့ ကောင်း​ကင်​နှင့်​ဆိုင်​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်​မည်။

50. ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည်​လည်း ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို အ​မွေ​ဆက်​ခံ​၍​မ​ရ​နိုင်။

51. နား​ထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အား​လုံး​သည် အိပ်​ပျော်​ကြ​ရ​မည်​မ​ဟုတ်။

52. သို့​သော် နောက်​ဆုံး​သော​တံ​ပိုး​ခ​ရာ​မှုတ်​ချိန်​၌ မျက်​စိ​တစ်​မှိတ်​အ​တွင်း တစ်​ခ​ဏ​ချင်း​တွင် ငါ​တို့​အား​လုံး​သည် ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား တံ​ပိုး​ခ​ရာ​မှုတ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​အ​ဖြစ် ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လည်း ပြောင်း​လဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်​မည်။

53. အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​အ​ရာ​သည် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၍ ဤ​သေ​တတ်​သော​အ​ရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အ​ရာ​ကို ဝတ်​ဆင်​ရ​မည်​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15