ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:27-40 Myanmar Standard Bible (MSB)

27. အ​ကြောင်း​မူ​ကား “ဘု​ရား​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​၍ နာ​ခံ​စေ​တော်​မူ​၏။” အ​ရာ​ခပ်​သိမ်း​တို့​ကို နာ​ခံ​စေ​တော်​မူ​၏​ဟု ဆို​ရာ​တွင် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​သည် ထို​အ​ရာ​များ​ထဲ​၌​မ​ပါ​ကြောင်း ထင်​ရှား​၏။

28. အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ခါ သား​တော်​ကိုယ်​တိုင်​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​ကို နာ​ခံ​တော်​မူ​လိမ့်​မည်။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​တို့​၌ အ​လုံး​စုံ​ဖြစ်​တော်​မူ​မည့်​အ​ကြောင်း​တည်း။

29. သို့​ဖြစ်​လျှင် သေ​လွန်​သော​သူ​တို့​၏​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ထို​သို့​ပြု​ရ​ကြ​သ​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​လျှင်း​မ​ရှိ​လျှင် အ​ဘယ်​ကြောင့် သူ​တို့​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​စ​ရာ​ရှိ​သ​နည်း။

30. ငါ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အန္တ​ရာယ်​နှင့် အ​စဉ်​အ​မြဲ​ရင်​ဆိုင်​နေ​ရ​သ​နည်း။

31. ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကြောင့် ငါ​ရ​ရှိ​သော​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ကို​တိုင်​တည်​၍ “ငါ​သည် နေ့​တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

32. ငါ​သည် လူ့​သ​ဘော​ဖြင့် ဧ​ဖက်​မြို့​၌ သား​ရဲ​တို့​နှင့်​တိုက်​ခိုက်​ခဲ့​သည်​ဆို​လျှင် ငါ့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မ​နက်​ဖြန်​သေ​ရ​ကြ​မည်​ဖြစ်​၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်​စို့။

33. အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။

34. အ​မြင်​မှန်​ရ​ကြ​လော့။ အ​ပြစ်​ကို​မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။ သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့​ငါ​ပြော​၏။

35. သို့​သော် လူ​အ​ချို့​တို့​က “သေ​လွန်​သော​သူ​တို့​သည် မည်​သို့​ထ​မြောက်​ကြ​မည်​နည်း။ မည်​သို့​သော​ကိုယ်​ခန္ဓာ​ဖြင့် ပေါ်​လာ​ကြ​မည်​နည်း”​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

36. အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။

37. သင်​စိုက်​ပျိုး​သော​အ​ရာ​သည်​လည်း နောက်​ဖြစ်​လာ​မည့်​ကိုယ်​ထည်​ကို စိုက်​ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ သို့​မ​ဟုတ် အ​ခြား​သီး​နှံ​၏​အ​စေ့​သက်​သက်​ကို​သာ စိုက်​ပျိုး​၏။

38. သို့​သော် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အ​စေ့​အား ကိုယ်​ထည်​ကို​ပေး​တော်​မူ​၍ အ​စေ့​တစ်​စေ့​စီ​အား မိ​မိ​အ​မျိုး​အ​စား​အ​လိုက် ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။

39. အ​သား​အား​လုံး​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​တို့​၏​အ​သား​သည် တစ်​မျိုး၊ တိ​ရစ္ဆာန်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ကျေး​ငှက်​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အ​သား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

40. ကောင်း​ကင်​ကိုယ်​ခန္ဓာ​များ​ရှိ​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​များ​လည်း​ရှိ​၏။ သို့​သော် ကောင်း​ကင်​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည် တစ်​မျိုး​ဖြစ်​၍ မြေ​ကြီး​ကိုယ်​ခန္ဓာ​၏​ဘုန်း​အ​သ​ရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15