ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:17-36 Myanmar Standard Bible (MSB)

17. ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​ခဲ့​လျှင် သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၍ သင်​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ​ထဲ​၌​ရှိ​နေ​ကြ​သေး​၏။

18. သို့​ဖြစ်​လျှင် ခ​ရစ်​တော်​၌ အိပ်​ပျော်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ကြ​လေ​ပြီ။

19. ငါ​တို့​သည် ခ​ရစ်​တော်​၌ ယ​ခု​ဘ​ဝ​အ​တွက်​သာ မျှော်​လင့်​စ​ရာ​ရှိ​ခဲ့​လျှင် လူ​အ​ပေါင်း​တို့​ထက် ပို​၍​သ​နား​စ​ရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်​မည်။

20. ယ​ခု​မူ​ကား ခ​ရစ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​၍ အိပ်​ပျော်​သော​သူ​တို့​တွင် အ​သီး​ဦး​ဖြစ်​တော်​မူ​ပြီ။

21. အ​ဘယ်​ကြောင့်​ဆို​သော် သေ​ခြင်း​သည် လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​သ​ကဲ့​သို့ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အား​ဖြင့် ဖြစ်​လာ​၏။

22. အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ဆုံး​ရ​ကြ​သည့်​နည်း​တူ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။

23. သို့​သော် တစ်​ဦး​စီ​၌ မိ​မိ​အ​လှည့်​ရှိ​၍ ခ​ရစ်​တော်​သည် အ​သီး​ဦး​ဖြစ်​တော်​မူ​၏။ ထို့​နောက် ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​တို့​သည် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ ထ​မြောက်​ကြ​လိမ့်​မည်။

24. ထို့​နောက် အ​ဆုံး​သည်​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည် အုပ်​ချုပ်​မှု​ရှိ​သ​မျှ၊ တန်​ခိုး​နှင့်​အာ​ဏာ​စက်​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​၍ နိုင်​ငံ​တော်​ကို ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​သို့ အပ်​နှံ​တော်​မူ​လိမ့်​မည်။

25. အ​ကြောင်း​မူ​ကား ရန်​သူ​အ​ပေါင်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​သည်​အ​ထိ ကိုယ်​တော်​သည်​အုပ်​စိုး​ရ​မည်​ဖြစ်​၏။

26. ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့် နောက်​ဆုံး​ရန်​သူ​မှာ သေ​ခြင်း​ဖြစ်​၏။

27. အ​ကြောင်း​မူ​ကား “ဘု​ရား​သ​ခင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​၌​ချ​ထား​၍ နာ​ခံ​စေ​တော်​မူ​၏။” အ​ရာ​ခပ်​သိမ်း​တို့​ကို နာ​ခံ​စေ​တော်​မူ​၏​ဟု ဆို​ရာ​တွင် အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​သည် ထို​အ​ရာ​များ​ထဲ​၌​မ​ပါ​ကြောင်း ထင်​ရှား​၏။

28. အ​ရာ​ခပ်​သိမ်း​တို့​ကို ကိုယ်​တော်​အား နာ​ခံ​စေ​တော်​မူ​သော​အ​ခါ သား​တော်​ကိုယ်​တိုင်​သည်​လည်း အ​ရာ​ခပ်​သိမ်း​တို့​ကို မိ​မိ​အား​နာ​ခံ​စေ​တော်​မူ​သော​အ​ရှင်​ကို နာ​ခံ​တော်​မူ​လိမ့်​မည်။ ဤ​သည်​ကား ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ​တို့​၌ အ​လုံး​စုံ​ဖြစ်​တော်​မူ​မည့်​အ​ကြောင်း​တည်း။

29. သို့​ဖြစ်​လျှင် သေ​လွန်​သော​သူ​တို့​၏​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ထို​သို့​ပြု​ရ​ကြ​သ​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​လျှင်း​မ​ရှိ​လျှင် အ​ဘယ်​ကြောင့် သူ​တို့​ကိုယ်​စား ဗတ္တိ​ဇံ​ခံ​စ​ရာ​ရှိ​သ​နည်း။

30. ငါ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အန္တ​ရာယ်​နှင့် အ​စဉ်​အ​မြဲ​ရင်​ဆိုင်​နေ​ရ​သ​နည်း။

31. ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​၌ သင်​တို့​ကြောင့် ငါ​ရ​ရှိ​သော​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ကို​တိုင်​တည်​၍ “ငါ​သည် နေ့​တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

32. ငါ​သည် လူ့​သ​ဘော​ဖြင့် ဧ​ဖက်​မြို့​၌ သား​ရဲ​တို့​နှင့်​တိုက်​ခိုက်​ခဲ့​သည်​ဆို​လျှင် ငါ့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မ​နက်​ဖြန်​သေ​ရ​ကြ​မည်​ဖြစ်​၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်​စို့။

33. အ​ယူ​မ​လွဲ​ကြ​နှင့်။ မ​ကောင်း​သော​အ​ပေါင်း​အ​ဖော်​တို့​သည် ကောင်း​သော​အ​ကျင့်​စာ​ရိတ္တ​ကို ပျက်​စီး​စေ​ကြ​၏။

34. အ​မြင်​မှန်​ရ​ကြ​လော့။ အ​ပြစ်​ကို​မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ပတ်​သက်​၍ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။ သင်​တို့​ကို​အ​ရှက်​ရ​စေ​ရန် ဤ​သို့​ငါ​ပြော​၏။

35. သို့​သော် လူ​အ​ချို့​တို့​က “သေ​လွန်​သော​သူ​တို့​သည် မည်​သို့​ထ​မြောက်​ကြ​မည်​နည်း။ မည်​သို့​သော​ကိုယ်​ခန္ဓာ​ဖြင့် ပေါ်​လာ​ကြ​မည်​နည်း”​ဟု မေး​မြန်း​ကြ​လိမ့်​မည်။

36. အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သော​အ​ရာ​သည် မ​ပျက်​လျှင် ရှင်​သန်​လာ​မည်​မ​ဟုတ်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15