ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15:1-10 Myanmar Standard Bible (MSB)

1. ညီ​အစ်​ကို​တို့၊ သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​၍ သင်​တို့​လက်​ခံ​ခဲ့​သည်​သာ​မ​က ၎င်း​အ​ပေါ်​၌ သင်​တို့​ရပ်​တည်​ခဲ့​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား တစ်​ဖန် ငါ​သိ​စေ​အပ်​ပါ​၏။

2. သင်​တို့​သည် ထို​သ​တင်း​ကို အ​ကြောင်း​မဲ့​မ​ယုံ​ကြည်​ဘဲ သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော​တ​ရား​စ​ကား​ကို စွဲ​ကိုင်​ထား​လျှင် ၎င်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​လည်း​ခံ​ရ​ကြ​၏။

3. အ​ကြောင်း​မူ​ကား ငါ​ကိုယ်​တိုင်​ခံ​ယူ​ရ​ရှိ​သည့် အ​ဓိ​က​အ​ကျ​ဆုံး​သော​အ​ရာ​ကို သင်​တို့​အား ငါ​ပေး​အပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်း​စာ​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သေ​ခံ​တော်​မူ​ခဲ့​ကြောင်း၊

4. ထို့​နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်​မူ​ပြီး ကျမ်း​စာ​နှင့်​အ​ညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​တော်​မူ​ခဲ့​ကြောင်း​နှင့်

5. ကေ​ဖ​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး​နောက် တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။

6. ထို့​နောက် ကိုယ်​တော်​သည် ညီ​အစ်​ကို​ငါး​ရာ​ကျော်​တို့​ထံ တစ်​ပြိုင်​တည်း​မှာ​ပင် ထင်​ရှား​ပြ​တော်​မူ​၏။ ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ​ဖြစ်​သော်​လည်း အ​များ​စု​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​လျက်​ရှိ​သေး​၏။

7. ထို့​နောက် ကိုယ်​တော်​သည် ယာ​ကုပ်​ထံ ထင်​ရှား​ပြ​တော်​မူ​ပြီး တ​မန်​တော်​အား​လုံး​တို့​ထံ ထင်​ရှား​ပြ​တော်​မူ​၏။

8. နောက်​ဆုံး​တွင် အ​ချိန်​မ​တော်​မ​တန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်​ရှား​ပြ​တော်​မူ​၏။

9. အ​မှန်​စင်​စစ် ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို ညှဉ်း​ဆဲ​ခဲ့​သော​ကြောင့် တ​မန်​တော်​များ​ထဲ​တွင် အ​သေး​သိမ်​ဆုံး​သော​သူ​ဖြစ်​ပြီး တ​မန်​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

10. သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ယ​ခု ငါ​ဖြစ်​သည့်​အ​တိုင်း ငါ​ဖြစ်​၏။ ငါ့​အ​ပေါ်​သက်​ရောက်​သော ကိုယ်​တော်​၏​ကျေး​ဇူး​တော်​သည်​လည်း အ​ချည်း​နှီး​မ​ဖြစ်​သည်​သာ​မ​က ငါ​သည် သူ​တို့​အား​လုံး​ထက် သာ​၍​ကြိုး​စား​လုပ်​ဆောင်​ခဲ့​၏။ ထို​သို့​ဆို​သော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​က​သာ လုပ်​ဆောင်​တော်​မူ​ခြင်း​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 15