32. ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။
33. အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
34. မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
35. သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။
36. ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော။ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။
37. တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက် သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။
38. မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
39. သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ ပရောဖက်ပြုဟောပြောရန် အလွန်အလိုရှိကြလော့။ အခြားသောဘာသာစကားပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။
40. သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။