ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:24-40 Myanmar Standard Bible (MSB)

24. သို့​သော် အား​လုံး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​စဉ် မ​ယုံ​ကြည်​သူ သို့​မ​ဟုတ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်​စုံ​တစ်​ဦး​ဝင်​လာ​လျှင် သူ​သည် သင်​တို့​အား​လုံး​ကြောင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​အား​လုံး​၏​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကာ

25. သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​သည် ထင်​ရှား​လာ​သ​ဖြင့် “ဘု​ရား​သ​ခင်​သည် သင်​တို့​အ​လယ်​၌ အ​မှန်​ရှိ​တော်​မူ​၏”​ဟု ဝန်​ခံ​လျက် ဘု​ရား​သ​ခင်​ကို ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

26. သို့​ဖြစ်​လျှင် ညီ​အစ်​ကို​တို့၊ မည်​သို့​ဆို​ရ​မည်​နည်း။ သင်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း​ဆို​သော​သူ၊ သွန်​သင်​ပေး​သော​သူ၊ ဗျာ​ဒိတ်​တော်​ဟော​ပြော​သော​သူ၊ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​နှင့် ထို​ဘာ​သာ​စ​ကား​၏​အ​နက်​ကို​ဖွင့်​သော​သူ အ​သီး​သီး​ရှိ​ကြ​၏။ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ပြု​ကြ​လော့။

27. အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး သို့​မ​ဟုတ် အ​များ​ဆုံး​သုံး​ဦး​က တစ်​လှည့်​စီ​ပြော​၍ တစ်​ဦး​က အ​နက်​ဖွင့်​စေ။

28. သို့​သော် အ​နက်​ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အ​သင်း​တော်​၌ တိတ်​ဆိတ်​စွာ​နေ​၍ မိ​မိ​ကိုယ်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း ပြော​စေ။

29. ပ​ရော​ဖက်​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​တို့​သည် ဟော​ပြော​၍ အ​ခြား​သော​သူ​တို့​သည် ဆင်​ခြင်​သုံး​သပ်​ကြ​စေ။

30. သို့​သော် ထိုင်​နေ​သော​အ​ခြား​သူ​အား တစ်​စုံ​တစ်​ခု​ကို​ဖွင့်​ပြ​တော်​မူ​လျှင် ပ​ထ​မ​လူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။

31. အ​ကြောင်း​မူ​ကား လူ​တိုင်း​သွန်​သင်​ခြင်း​ခံ​ရ​၍ လူ​တိုင်း​တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သင်​တို့​အား​လုံး​သည် တစ်​ဦး​ပြီး​တစ်​ဦး ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​၏။

32. ပ​ရော​ဖက်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​သည် ပ​ရော​ဖက်​တို့​ကို​နာ​ခံ​တတ်​၏။

33. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​မ​ဟုတ်​ဘဲ ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သန့်​ရှင်း​သူ​တို့​၏​အ​သင်း​တော်​တိုင်း​၌ ပြု​ကျင့်​သ​ကဲ့​သို့

34. မိန်း​မ​တို့​သည် အ​သင်း​တော်​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​၌ ဟော​ပြော​ရ​သော​အ​ခွင့်​မ​ရှိ။ ပ​ညတ်​တ​ရား​၌​လည်း​ဆို​ထား​သည့်​အ​တိုင်း သူ​တို့​သည် နာ​ခံ​မှု​ရှိ​ကြ​ရ​မည်။

35. သူ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​သင်​ယူ​လို​လျှင် အိမ်​၌ မိ​မိ​၏​လင်​ယောက်ျား​အား မေး​မြန်း​ကြ​စေ။ အ​ကြောင်း​မူ​ကား မိန်း​မ​တစ်​ဦး​အ​နေ​ဖြင့် အ​သင်း​တော်​၌​ဟော​ပြော​ခြင်း​သည် ရှက်​ဖွယ်​ဖြစ်​၏။

36. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​ရောက်​လာ​သ​လော။

37. တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​ကိုယ်​ကို ပ​ရော​ဖက် သို့​မ​ဟုတ် ဝိ​ညာဉ်​လူ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျှင် သင်​တို့​ထံ ငါ​ရေး​လိုက်​သော​အ​ကြောင်း​အ​ရာ​တို့​သည် သ​ခင်​ဘု​ရား​၏​ပ​ညတ်​တော်​ဖြစ်​ကြောင်း သူ​သည် သိ​မှတ်​ရ​မည်။

38. မည်​သူ​မ​ဆို ဤ​အ​ရာ​ကို အ​သိ​အ​မှတ်​မ​ပြု​လျှင် ထို​သူ​သည် အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

39. သို့​ဖြစ်​၍ ငါ့​ညီ​အစ်​ကို​တို့၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ရန် အ​လွန်​အ​လို​ရှိ​ကြ​လော့။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​ခြင်း​ကို​လည်း မ​တား​မြစ်​ကြ​နှင့်။

40. သို့​သော် အ​ရာ​အား​လုံး​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စီ​အ​စဉ်​တ​ကျ​ပြု​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14