ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:2-13 Myanmar Standard Bible (MSB)

2. အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် လူ​တို့​အား ပြော​ဆို​သည်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​အား ပြော​ဆို​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​စ​ကား​ကို မည်​သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တို့​ကို ပြော​ဆို​နေ​ခြင်း​သာ​ဖြစ်​၏။

3. ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း၊ တိုက်​တွန်း​အား​ပေး​ခြင်း​နှင့် နှစ်​သိမ့်​ခြင်း​တို့​အ​တွက် လူ​တို့​အား​ဟော​ပြော​၏။

4. အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် မိ​မိ​ကို​သာ​တည်​ဆောက်​မြှင့်​တင်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​၏။

5. သင်​တို့​အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​နိုင်​ရန် ငါ​အ​လို​ရှိ​၏။ သို့​သော် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို သင်​တို့​အား ပို​၍​ပြု​စေ​လို​၏။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ရန် ၎င်း​၏​အ​နက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​သည် ပို​၍​ကြီး​မြတ်​၏။

6. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​သော်​လည်း ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဖြစ်​စေ၊ အ​သိ​ပ​ညာ​အား​ဖြင့်​ဖြစ်​စေ၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အား​ဖြင့်​ဖြစ်​စေ၊ သွန်​သင်​သည့်​စ​ကား​အား​ဖြင့်​ဖြစ်​စေ မ​ဟော​ပြော​လျှင် သင်​တို့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

7. ပ​လွေ သို့​မ​ဟုတ် စောင်း​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ပင်​လျှင် ပီ​ပြင်​ပြတ်​သား​သော​သံ​စဉ်​မ​ထွက်​လျှင် မည်​သည့်​အ​ရာ​ကို မှုတ်​နေ​သည်​ကို​လည်း​ကောင်း၊ မည်​သည့်​အ​ရာ​ကို တီး​နေ​သည်​ကို​လည်း​ကောင်း မည်​သို့​သိ​နိုင်​မည်​နည်း။

8. တံ​ပိုး​ခ​ရာ​သည်​လည်း မ​သေ​ချာ​သော​အ​သံ​ကို​ပေး​လျှင် မည်​သူ​သည် တိုက်​ပွဲ​အ​တွက် ပြင်​ဆင်​လိမ့်​မည်​နည်း။

9. ထို​နည်း​တူ သင်​တို့​သည်​လည်း နား​မ​လည်​နိုင်​သော​သ​တင်း​စ​ကား​ကို အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် ပြော​ဆို​လျှင် ပြော​ဆို​သော​အ​ရာ​များ​ကို မည်​သို့​သိ​နိုင်​မည်​နည်း။ သင်​တို့​သည် လေ​ကို​စ​ကား​ပြော​နေ​ခြင်း​သာ ဖြစ်​လိမ့်​မည်။

10. ကမ္ဘာ​ပေါ်​တွင် ဘာ​သာ​စ​ကား​အ​မျိုး​အ​စား များ​စွာ​ရှိ​သည်​မှန်​သော်​လည်း အ​ဓိပ္ပာယ်​မဲ့​သော​စ​ကား​တစ်​ခု​မျှ​မ​ရှိ။

11. ထို့​ကြောင့် ဘာ​သာ​စ​ကား​၏​အ​နက်​အ​ဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စ​ကား​ကို​ပြော​ဆို​နေ​သူ​အ​တွက် ငါ​သည် တိုင်း​တစ်​ပါး​သား​ဖြစ်​သ​ကဲ့​သို့ ပြော​ဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အ​တွက် တိုင်း​တစ်​ပါး​သား​ဖြစ်​လိမ့်​မည်။

12. သို့​ဖြစ်​၍ သင်​တို့​သည်​လည်း ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ​ကို​ရ​ရှိ​ရန် စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ​သည်​ဖြစ်​၍ အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ထို​ဆု​ကျေး​ဇူး​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည့်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။

13. ထို့​ကြောင့် အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​နက်​ဖွင့်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​စေ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14