ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:14-34 Myanmar Standard Bible (MSB)

14. အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ငါ​ဆု​တောင်း​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် ဆု​တောင်း​သော်​လည်း ငါ​၏​အ​သိ​စိတ်​မူ​ကား အ​ကျိုး​မ​ပေး။

15. သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ငါ​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဆု​တောင်း​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း ဆု​တောင်း​မည်။ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သီ​ချင်း​ဆို​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း သီ​ချင်း​ဆို​မည်။

16. သို့​မ​ဟုတ်​လျှင် သင်​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ကျေး​ဇူး​တော်​ချီး​မွမ်း​သော​အ​ခါ ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော အုပ်​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စ​ကား​ကို နား​မ​လည်​သော​ကြောင့် သင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အ​တွက် ‘အာ​မင်’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

17. သင်​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့​သော် သူ​တစ်​ပါး​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​မ​ရှိ။

18. ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19. သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။

20. ညီ​အစ်​ကို​တို့၊ စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မ​ကောင်း​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​လျက် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ စုံ​လင်​ရင့်​ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

21. ပ​ညတ်​တ​ရား​ကျမ်း​၌ “ငါ​သည် ဤ​လူ​မျိုး​တို့​အား ထူး​ခြား​သော​ဘာ​သာ​စ​ကား​နှင့် တိုင်း​တစ်​ပါး​သား​များ​၏​နှုတ်​တို့​ဖြင့် ပြော​ဆို​မည်။ သို့​သော် သူ​တို့​သည် နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏”​ဟူ​၍ ရေး​ထား​၏။

22. သို့​ဖြစ်​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​မူ​ကား မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။

23. ထို့​ကြောင့် အ​သင်း​တော်​တစ်​ခု​လုံး​စု​ဝေး​လျက် အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​ကြ​စဉ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ​များ သို့​မ​ဟုတ် မ​ယုံ​ကြည်​သူ​များ ဝင်​လာ​လျှင် သင်​တို့​ရူး​သွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်​မည် မ​ဟုတ်​လော။

24. သို့​သော် အား​လုံး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​စဉ် မ​ယုံ​ကြည်​သူ သို့​မ​ဟုတ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်​စုံ​တစ်​ဦး​ဝင်​လာ​လျှင် သူ​သည် သင်​တို့​အား​လုံး​ကြောင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​အား​လုံး​၏​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကာ

25. သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​သည် ထင်​ရှား​လာ​သ​ဖြင့် “ဘု​ရား​သ​ခင်​သည် သင်​တို့​အ​လယ်​၌ အ​မှန်​ရှိ​တော်​မူ​၏”​ဟု ဝန်​ခံ​လျက် ဘု​ရား​သ​ခင်​ကို ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

26. သို့​ဖြစ်​လျှင် ညီ​အစ်​ကို​တို့၊ မည်​သို့​ဆို​ရ​မည်​နည်း။ သင်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း​ဆို​သော​သူ၊ သွန်​သင်​ပေး​သော​သူ၊ ဗျာ​ဒိတ်​တော်​ဟော​ပြော​သော​သူ၊ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​နှင့် ထို​ဘာ​သာ​စ​ကား​၏​အ​နက်​ကို​ဖွင့်​သော​သူ အ​သီး​သီး​ရှိ​ကြ​၏။ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ပြု​ကြ​လော့။

27. အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး သို့​မ​ဟုတ် အ​များ​ဆုံး​သုံး​ဦး​က တစ်​လှည့်​စီ​ပြော​၍ တစ်​ဦး​က အ​နက်​ဖွင့်​စေ။

28. သို့​သော် အ​နက်​ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အ​သင်း​တော်​၌ တိတ်​ဆိတ်​စွာ​နေ​၍ မိ​မိ​ကိုယ်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း ပြော​စေ။

29. ပ​ရော​ဖက်​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​တို့​သည် ဟော​ပြော​၍ အ​ခြား​သော​သူ​တို့​သည် ဆင်​ခြင်​သုံး​သပ်​ကြ​စေ။

30. သို့​သော် ထိုင်​နေ​သော​အ​ခြား​သူ​အား တစ်​စုံ​တစ်​ခု​ကို​ဖွင့်​ပြ​တော်​မူ​လျှင် ပ​ထ​မ​လူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။

31. အ​ကြောင်း​မူ​ကား လူ​တိုင်း​သွန်​သင်​ခြင်း​ခံ​ရ​၍ လူ​တိုင်း​တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သင်​တို့​အား​လုံး​သည် တစ်​ဦး​ပြီး​တစ်​ဦး ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​၏။

32. ပ​ရော​ဖက်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​သည် ပ​ရော​ဖက်​တို့​ကို​နာ​ခံ​တတ်​၏။

33. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​မ​ဟုတ်​ဘဲ ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သန့်​ရှင်း​သူ​တို့​၏​အ​သင်း​တော်​တိုင်း​၌ ပြု​ကျင့်​သ​ကဲ့​သို့

34. မိန်း​မ​တို့​သည် အ​သင်း​တော်​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​၌ ဟော​ပြော​ရ​သော​အ​ခွင့်​မ​ရှိ။ ပ​ညတ်​တ​ရား​၌​လည်း​ဆို​ထား​သည့်​အ​တိုင်း သူ​တို့​သည် နာ​ခံ​မှု​ရှိ​ကြ​ရ​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14