ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14:10-20 Myanmar Standard Bible (MSB)

10. ကမ္ဘာ​ပေါ်​တွင် ဘာ​သာ​စ​ကား​အ​မျိုး​အ​စား များ​စွာ​ရှိ​သည်​မှန်​သော်​လည်း အ​ဓိပ္ပာယ်​မဲ့​သော​စ​ကား​တစ်​ခု​မျှ​မ​ရှိ။

11. ထို့​ကြောင့် ဘာ​သာ​စ​ကား​၏​အ​နက်​အ​ဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စ​ကား​ကို​ပြော​ဆို​နေ​သူ​အ​တွက် ငါ​သည် တိုင်း​တစ်​ပါး​သား​ဖြစ်​သ​ကဲ့​သို့ ပြော​ဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အ​တွက် တိုင်း​တစ်​ပါး​သား​ဖြစ်​လိမ့်​မည်။

12. သို့​ဖြစ်​၍ သင်​တို့​သည်​လည်း ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ​ကို​ရ​ရှိ​ရန် စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ​သည်​ဖြစ်​၍ အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ထို​ဆု​ကျေး​ဇူး​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည့်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။

13. ထို့​ကြောင့် အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​နက်​ဖွင့်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​စေ။

14. အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ငါ​ဆု​တောင်း​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် ဆု​တောင်း​သော်​လည်း ငါ​၏​အ​သိ​စိတ်​မူ​ကား အ​ကျိုး​မ​ပေး။

15. သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ငါ​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဆု​တောင်း​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း ဆု​တောင်း​မည်။ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သီ​ချင်း​ဆို​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း သီ​ချင်း​ဆို​မည်။

16. သို့​မ​ဟုတ်​လျှင် သင်​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ကျေး​ဇူး​တော်​ချီး​မွမ်း​သော​အ​ခါ ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော အုပ်​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စ​ကား​ကို နား​မ​လည်​သော​ကြောင့် သင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အ​တွက် ‘အာ​မင်’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

17. သင်​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့​သော် သူ​တစ်​ပါး​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​မ​ရှိ။

18. ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19. သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။

20. ညီ​အစ်​ကို​တို့၊ စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မ​ကောင်း​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​လျက် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ စုံ​လင်​ရင့်​ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14