ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 13:5-8 Myanmar Standard Bible (MSB)

5. မ​လျောက်​ပတ်​စွာ​မ​ပြု​တတ်၊ ကိုယ်​ကျိုး​ကို​မ​ရှာ​တတ်၊ ဒေါ​သ​အ​လွယ်​တ​ကူ​မ​ထွက်​တတ်၊ သူ​တစ်​ပါး​အ​ပြစ်​ကို မှတ်​၍​မ​ထား​တတ်။

6. မ​တ​ရား​မှု​၌ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာ​တ​ရား​၌​သာ ဝမ်း​မြောက်​တတ်​၏။

7. ခပ်​သိမ်း​သော​အ​ရာ​ကို ကြံ့​ကြံ့​ခံ​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​ကြည်​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လင့်​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်​၏။

8. မေတ္တာ​သည် မည်​သည့်​အ​ခါ​မျှ ကုန်​ခန်း​ခြင်း​မ​ရှိ။ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​တို့​မူ​ကား ပယ်​ဖျက်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​ခြင်း​တို့​သည်​လည်း ရပ်​တန့်​သွား​ကြ​လိမ့်​မည်။ အ​သိ​ပ​ညာ​သည်​လည်း ပယ်​ဖျက်​ခြင်း​ခံ​ရ​လိမ့်​မည်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 13