5. မလျောက်ပတ်စွာမပြုတတ်၊ ကိုယ်ကျိုးကိုမရှာတတ်၊ ဒေါသအလွယ်တကူမထွက်တတ်၊ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
6. မတရားမှု၌ ဝမ်းမြောက်ခြင်းမရှိဘဲ သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။
7. ခပ်သိမ်းသောအရာကို ကြံ့ကြံ့ခံတတ်၏။ ခပ်သိမ်းသောအရာကို ယုံကြည်တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
8. မေတ္တာသည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းတို့မူကား ပယ်ဖျက်ခြင်းခံရကြလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းတို့သည်လည်း ရပ်တန့်သွားကြလိမ့်မည်။ အသိပညာသည်လည်း ပယ်ဖျက်ခြင်းခံရလိမ့်မည်။
9. အကြောင်းမူကား ငါတို့သည် တစ်စိတ်တစ်ဒေသမျှသာသိကြပြီး တစ်စိတ်တစ်ဒေသမျှသာ ပရောဖက်ပြုဟောပြောကြ၏။
10. သို့သော် စုံလင်ခြင်းရောက်လာသောအခါ တစ်စိတ်တစ်ဒေသမျှသာဖြစ်သောအရာသည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။