ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12:13-15 Myanmar Standard Bible (MSB)

13. အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့ ဗတ္တိ​ဇံ​ခံ​ကြ​ပြီး အား​လုံး​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ကို သောက်​ကြ​ရ​၏။

14. ကိုယ်​ခန္ဓာ​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များ​စွာ​ရှိ​၏။

15. ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12