ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:8-22 Myanmar Standard Bible (MSB)

8. အ​ကြောင်း​မူ​ကား ယောက်ျား​သည် မိန်း​မ​ထံ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​၏။

9. ထို့​အ​တူ ယောက်ျား​ကို မိန်း​မ​အ​တွက်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။

10. ထို့​ကြောင့် မိန်း​မ​သည် ကောင်း​ကင်​တ​မန်​တို့​ကို​ထောက်​၍ အ​ခွင့်​အာ​ဏာ​၏​လက္ခ​ဏာ​ကို မိ​မိ​ဦး​ခေါင်း​ပေါ်​၌ ရှိ​စေ​သင့်​၏။

11. သို့​သော် သ​ခင်​ဘု​ရား​၌ မိန်း​မ​သည် ယောက်ျား​မ​ပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်း​မ​မ​ပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။

12. အ​ကြောင်း​မူ​ကား မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​မွေး​ဖွား​လာ​၏။ သို့​သော် အ​ရာ​ခပ်​သိမ်း​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​၏။

13. မိန်း​မ​သည် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ခြင်း​သည် သင့်​လျော်​မှု​ရှိ​မ​ရှိ သင်​တို့​ကိုယ်​တိုင်​ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

14. ယောက်ျား​သည် ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ရှက်​ဖွယ်​ဖြစ်​ကြောင်း သ​ဘာ​ဝ​တ​ရား​ကိုယ်​၌​က သင်​တို့​ကို​သွန်​သင်​သည်​မ​ဟုတ်​လော။

15. မိန်း​မ​မူ​ကား ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ဆံ​ပင်​ကို ခြုံ​စ​ရာ​အ​ဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။

16. သို့​သော် တစ်​စုံ​တစ်​ယောက်​က လက်​ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​လျှင် ငါ​တို့​၌ ထို​သို့​သော​ထုံး​စံ​မ​ရှိ။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​၌​လည်း​မ​ရှိ။

17. သို့​ရာ​တွင် သင်​တို့​၏​စု​ဝေး​ခြင်း​သည် ကောင်း​ကျိုး​ကို​ဖြစ်​စေ​သည်​ထက် ဆိုး​ကျိုး​ကို​သာ​ဖြစ်​စေ​သော​ကြောင့် ဤ​ညွှန်​ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီး​မွမ်း​နိုင်။

18. ပ​ထ​မ​အ​နေ​ဖြင့် သင်​တို့​သည် အ​သင်း​တော်​၌​စု​ဝေး​ကြ​သော​အ​ခါ သင်​တို့​တွင် ကွဲ​ပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်​စိတ်​တစ်​ဒေ​သ ငါ​ယုံ​၏။

19. အ​မှန်​စင်​စစ် သင်​တို့​ထဲ​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​များ သိ​သာ​ထင်​ရှား​လာ​မည့်​အ​ကြောင်း သင်​တို့​တွင် ဂိုဏ်း​ကွဲ​ခြင်း​ရှိ​ရန်​လို​အပ်​ပေ​၏။

20. သို့​ဖြစ်​၍ သင်​တို့​သည် အ​တူ​တ​ကွ​စု​ဝေး​ကြ​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ပွဲ​တော်​ကို​စား​သောက်​ရန် စု​ဝေး​ကြ​သည်​မ​ဟုတ်။

21. အ​ကြောင်း​မူ​ကား စား​သောက်​ကြ​ရာ​တွင် အ​သီး​သီး​တို့​သည် သူ​တစ်​ပါး​ကို​မ​စောင့်​ဘဲ မိ​မိ​ည​စာ​ကို စား​ကြ​သော​ကြောင့် မူး​သူ​က​မူး၊ ဆာ​သူ​က​ဆာ ဖြစ်​နေ​ကြ​၏။

22. သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​၍ မ​ရှိ​ဆင်း​ရဲ​သား​တို့​ကို အ​ရှက်​ခွဲ​ကြ​သ​လော။ ငါ​သည် သင်​တို့​ကို မည်​သို့​ပြော​ရ​မည်​နည်း။ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ ဤ​အ​မှု​၌ ငါ​မ​ချီး​မွမ်း​နိုင်။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11