ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:2-10 Myanmar Standard Bible (MSB)

2. သင်​တို့​သည် အ​ရာ​ရာ​၌ ငါ့​ကို​သ​တိ​ရ​လျက် သင်​တို့​ထံ​ငါ​ပေး​အပ်​ထား​သော ဓ​လေ့​ထုံး​တမ်း​နှင့်​အ​ညီ လိုက်​လျှောက်​ကြ​သော​ကြောင့် သင်​တို့​ကို ငါ​ချီး​မွမ်း​၏။

3. သို့​သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ ယောက်ျား​တိုင်း​၏​ဦး​ခေါင်း​သည် ခ​ရစ်​တော်​ဖြစ်​၏။ မိန်း​မ​၏​ဦး​ခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခ​ရစ်​တော်​၏​ဦး​ခေါင်း​သည် ဘု​ရား​သ​ခင်​ဖြစ်​၏။

4. ဦး​ခေါင်း​ကို​ဖုံး​လျက် ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။

5. သို့​သော် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဆု​တောင်း​ခြင်း သို့​မ​ဟုတ် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို ပြု​သော​မိန်း​မ​တိုင်း​သည် မိ​မိ​ဦး​ခေါင်း​၏​အ​သ​ရေ​ကို​ရှုတ်​ချ​၏။ အ​ကြောင်း​မူ​ကား ထို​သို့​ပြု​ခြင်း​သည် ခေါင်း​တုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။

6. ထို့​ကြောင့် မိန်း​မ​သည် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​ပါ​စေ။ သို့​သော် ဆံ​ပင်​ဖြတ်​ခြင်း သို့​မ​ဟုတ် ခေါင်း​တုံး​ရိတ်​ခြင်း​သည် မိန်း​မ​အ​တွက်​ရှက်​ဖွယ်​ဖြစ်​လျှင် ဦး​ခေါင်း​ကို​ဖုံး​ထား​ပါ​စေ။

7. ယောက်ျား​သည် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ဦး​ခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်း​မ​မူ​ကား ယောက်ျား​၏​ဘုန်း​အ​သ​ရေ​ဖြစ်​၏။

8. အ​ကြောင်း​မူ​ကား ယောက်ျား​သည် မိန်း​မ​ထံ​မှ​ဖြစ်​လာ​သည်​မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​၏။

9. ထို့​အ​တူ ယောက်ျား​ကို မိန်း​မ​အ​တွက်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။

10. ထို့​ကြောင့် မိန်း​မ​သည် ကောင်း​ကင်​တ​မန်​တို့​ကို​ထောက်​၍ အ​ခွင့်​အာ​ဏာ​၏​လက္ခ​ဏာ​ကို မိ​မိ​ဦး​ခေါင်း​ပေါ်​၌ ရှိ​စေ​သင့်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11