ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11:12-32 Myanmar Standard Bible (MSB)

12. အ​ကြောင်း​မူ​ကား မိန်း​မ​သည် ယောက်ျား​ထံ​မှ​ဖြစ်​လာ​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​မွေး​ဖွား​လာ​၏။ သို့​သော် အ​ရာ​ခပ်​သိမ်း​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​၏။

13. မိန်း​မ​သည် ဦး​ခေါင်း​မ​ဖုံး​ဘဲ ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ခြင်း​သည် သင့်​လျော်​မှု​ရှိ​မ​ရှိ သင်​တို့​ကိုယ်​တိုင်​ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

14. ယောက်ျား​သည် ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ရှက်​ဖွယ်​ဖြစ်​ကြောင်း သ​ဘာ​ဝ​တ​ရား​ကိုယ်​၌​က သင်​တို့​ကို​သွန်​သင်​သည်​မ​ဟုတ်​လော။

15. မိန်း​မ​မူ​ကား ဆံ​ပင်​ရှည်​ထား​လျှင် သူ့​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ဆံ​ပင်​ကို ခြုံ​စ​ရာ​အ​ဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။

16. သို့​သော် တစ်​စုံ​တစ်​ယောက်​က လက်​ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​လျှင် ငါ​တို့​၌ ထို​သို့​သော​ထုံး​စံ​မ​ရှိ။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​များ​၌​လည်း​မ​ရှိ။

17. သို့​ရာ​တွင် သင်​တို့​၏​စု​ဝေး​ခြင်း​သည် ကောင်း​ကျိုး​ကို​ဖြစ်​စေ​သည်​ထက် ဆိုး​ကျိုး​ကို​သာ​ဖြစ်​စေ​သော​ကြောင့် ဤ​ညွှန်​ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီး​မွမ်း​နိုင်။

18. ပ​ထ​မ​အ​နေ​ဖြင့် သင်​တို့​သည် အ​သင်း​တော်​၌​စု​ဝေး​ကြ​သော​အ​ခါ သင်​တို့​တွင် ကွဲ​ပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်​စိတ်​တစ်​ဒေ​သ ငါ​ယုံ​၏။

19. အ​မှန်​စင်​စစ် သင်​တို့​ထဲ​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​များ သိ​သာ​ထင်​ရှား​လာ​မည့်​အ​ကြောင်း သင်​တို့​တွင် ဂိုဏ်း​ကွဲ​ခြင်း​ရှိ​ရန်​လို​အပ်​ပေ​၏။

20. သို့​ဖြစ်​၍ သင်​တို့​သည် အ​တူ​တ​ကွ​စု​ဝေး​ကြ​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ပွဲ​တော်​ကို​စား​သောက်​ရန် စု​ဝေး​ကြ​သည်​မ​ဟုတ်။

21. အ​ကြောင်း​မူ​ကား စား​သောက်​ကြ​ရာ​တွင် အ​သီး​သီး​တို့​သည် သူ​တစ်​ပါး​ကို​မ​စောင့်​ဘဲ မိ​မိ​ည​စာ​ကို စား​ကြ​သော​ကြောင့် မူး​သူ​က​မူး၊ ဆာ​သူ​က​ဆာ ဖြစ်​နေ​ကြ​၏။

22. သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​၍ မ​ရှိ​ဆင်း​ရဲ​သား​တို့​ကို အ​ရှက်​ခွဲ​ကြ​သ​လော။ ငါ​သည် သင်​တို့​ကို မည်​သို့​ပြော​ရ​မည်​နည်း။ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ ဤ​အ​မှု​၌ ငါ​မ​ချီး​မွမ်း​နိုင်။

23. အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​ထံ​မှ ငါ​ခံ​ယူ​ရ​ရှိ​သော​အ​ရာ​ကို သင်​တို့​အား ငါ​ပေး​အပ်​၏။ ထို​အ​ရာ​မှာ သ​ခင်​ယေ​ရှု​သည် အပ်​နှံ​ခြင်း​ခံ​ရ​သော​ည​၌ မုန့်​ကို​ယူ​၍

24. ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့​၍ “ဤ​မုန့်​ကား သင်​တို့​အ​တွက်​ချိုး​ဖဲ့​သော ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

25. ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သော​အ​ခါ​တိုင်း ငါ့​ကို​အောက်​မေ့​ဖို့​ရန် ဤ​သို့​ပြု​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

26. ထို့​ကြောင့် သင်​တို့​သည် ဤ​မုန့်​ကို​စား​၍ ဤ​ခွက်​ကို​သောက်​သော​အ​ခါ​တိုင်း သ​ခင်​ဘု​ရား​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကိုယ်​တော်​ကြွ​လာ​တော်​မူ​သည်​အ​ထိ ကြေ​ညာ​ကြ​၏။

27. သို့​ဖြစ်​၍ သ​ခင်​ဘု​ရား​၏​မုန့်​နှင့်​ခွက်​ကို မ​ထိုက်​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။

28. ထို့​ကြောင့် လူ​တိုင်း ကိုယ့်​ကိုယ်​ကိုယ်​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​စေ။ ထို​နည်း​တူ ခွက်​ကို​လည်း​သောက်​စေ။

29. အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​ကို ပိုင်း​ခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိ​မိ​အ​ပေါ်​သို့ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​သက်​ရောက်​စေ​ရန် စား​သောက်​သော​သူ​ဖြစ်​၏။

30. ဤ​အ​ကြောင်း​ကြောင့် သင်​တို့​တွင် အား​နည်း​သော​သူ​နှင့်​မ​ကျန်း​မာ​သော​သူ များ​စွာ​ရှိ​၍ အိပ်​ပျော်​သော​သူ​လည်း အ​များ​အ​ပြား​ရှိ​ကြ​၏။

31. သို့​သော် ငါ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပိုင်း​ခြား​၍​သိ​လျှင် စီ​ရင်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

32. စီ​ရင်​ခြင်း​ခံ​ရ​လျှင်​လည်း လော​ကီ​သား​တို့​နှင့်​အ​တူ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​၏​ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 11