ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:4-18 Myanmar Standard Bible (MSB)

4. အား​လုံး​သည် တစ်​မျိုး​တည်း​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်​နည်း​ဆို​သော် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ​လာ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။

5. သို့​သော် ဘု​ရား​သ​ခင်​သည် သူ​တို့​ထဲ​မှ အ​များ​စု​ကို နှစ်​သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့​ကြောင့် သူ​တို့​သည် တော​ကန္တာ​ရ​၌ သေ​ကျေ​ပျက်​စီး​ခဲ့​ရ​ကြ​၏။

6. ဤ​အ​ရာ​များ​ကား ထို​သူ​တို့​တပ်​မက်​ခဲ့​ကြ​သ​ကဲ့​သို့ မ​ကောင်း​သော​အ​ရာ​များ​ကို ငါ​တို့​တပ်​မက်​ခြင်း​မ​ရှိ​ကြ​စေ​ရန် ငါ​တို့​အ​တွက်​န​မူ​နာ​များ​အ​ဖြစ် ဖြစ်​ပျက်​ခဲ့​ကြ​၏။

7. “လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်​တစ်​ဖန် ထ​၍​က​ခုန်​မြူး​ထူး​ကြ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း သင်​တို့​သည် ထို​သူ​အ​ချို့​တို့​ကဲ့​သို့ ရုပ်​တု​ကိုး​ကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။

8. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်​စို့။ သူ​တို့​သည် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သ​ဖြင့် တစ်​ရက်​အ​တွင်း လူ​နှစ်​သောင်း​သုံး​ထောင်​သေ​ဆုံး​ခဲ့​ကြ​၏။

9. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အ​ကဲ​စမ်း​သ​ကဲ့​သို့ ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​ကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်​စို့။ ထို​သို့​အ​ကဲ​စမ်း​သော​သူ​တို့​သည် မြွေ​များ​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

10. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ညည်း​ညူ​သ​ကဲ့​သို့ သင်​တို့​သည် မ​ညည်း​ညူ​ကြ​နှင့်။ ထို​သို့​ညည်း​ညူ​သော​သူ​တို့​သည် ဖျက်​ဆီး​သော​တ​မန်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

11. ဤ​အ​မှု​အ​ရာ​တို့​သည် န​မူ​နာ​များ​အ​ဖြစ် ထို​သူ​တို့​၌​ဖြစ်​ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာ​လ​အ​ဆုံး​ပိုင်း​၌ အ​သက်​ရှင်​နေ​ကြ​သော​ငါ​တို့​ကို သ​တိ​ပေး​ရန်​အ​တွက်​ဖြစ်​၏။

12. ထို့​ကြောင့် ရပ်​နေ​သည်​ဟု​ထင်​မှတ်​သော​သူ​သည် မ​လဲ​စေ​ရန် သ​တိ​ပြု​စေ။

13. လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

14. ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15. သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

16. ငါ​တို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​သည် ခ​ရစ်​တော်​၏​သွေး​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။

17. မုန့်​တစ်​လုံး​တည်း​ဖြစ်​၍ အ​များ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှ​ဝေ​ခံ​ယူ​ကြ​၏။

18. ဇာ​တိ​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်​ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့် စပ်​ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10