17. မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။
18. ဇာတိအားဖြင့် အစ္စရေးလူမျိုးဖြစ်သောသူတို့ကို ကြည့်ကြလော့။ ယဇ်ကောင်တို့ကိုစားသောသူတို့သည် ယဇ်ပလ္လင်နှင့် စပ်ဆိုင်သောသူဖြစ်ကြသည်မဟုတ်လော။
19. သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည် သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။
20. ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
21. သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
22. ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
23. ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။ ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။
24. မည်သူမျှ ကိုယ်ကျိုးကိုမရှာနှင့်။ လူတိုင်း သူတစ်ပါးအကျိုးကိုရှာစေ။
25. ဈေး၌ရောင်းသမျှသောအသားကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
26. အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
27. မယုံကြည်သူတစ်စုံတစ်ယောက်က သင်တို့ကိုဖိတ်ခေါ်၍ သင်တို့သွားလိုလျှင် သင်တို့ရှေ့၌တည်ခင်းသမျှသောအရာကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
28. သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
29. အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။