ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:12-15 Myanmar Standard Bible (MSB)

12. ထို့​ကြောင့် ရပ်​နေ​သည်​ဟု​ထင်​မှတ်​သော​သူ​သည် မ​လဲ​စေ​ရန် သ​တိ​ပြု​စေ။

13. လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

14. ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15. သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10