ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10:10-27 Myanmar Standard Bible (MSB)

10. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ညည်း​ညူ​သ​ကဲ့​သို့ သင်​တို့​သည် မ​ညည်း​ညူ​ကြ​နှင့်။ ထို​သို့​ညည်း​ညူ​သော​သူ​တို့​သည် ဖျက်​ဆီး​သော​တ​မန်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

11. ဤ​အ​မှု​အ​ရာ​တို့​သည် န​မူ​နာ​များ​အ​ဖြစ် ထို​သူ​တို့​၌​ဖြစ်​ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာ​လ​အ​ဆုံး​ပိုင်း​၌ အ​သက်​ရှင်​နေ​ကြ​သော​ငါ​တို့​ကို သ​တိ​ပေး​ရန်​အ​တွက်​ဖြစ်​၏။

12. ထို့​ကြောင့် ရပ်​နေ​သည်​ဟု​ထင်​မှတ်​သော​သူ​သည် မ​လဲ​စေ​ရန် သ​တိ​ပြု​စေ။

13. လူ​၌​ဖြစ်​တတ်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​ခံ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​ခံ​နိုင်​သည်​ထက် ပို​လွန်​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထို့​ပြင် သင်​တို့​ခံ​နိုင်​မည့်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​တ​ကွ ထွက်​မြောက်​ရာ​လမ်း​ကို​လည်း ပြင်​ဆင်​ပေး​တော်​မူ​လိမ့်​မည်။

14. ထို့​ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။

15. သင်​တို့​အား ပ​ညာ​သ​တိ​ရှိ​သော​သူ​ကို​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အ​ရာ​ကို ဆင်​ခြင်​သုံး​သပ်​ကြ​လော့။

16. ငါ​တို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​သည် ခ​ရစ်​တော်​၏​သွေး​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို မျှ​ဝေ​ခံ​ယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။

17. မုန့်​တစ်​လုံး​တည်း​ဖြစ်​၍ အ​များ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှ​ဝေ​ခံ​ယူ​ကြ​၏။

18. ဇာ​တိ​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်​ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့် စပ်​ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

19. သို့​ဖြစ်​လျှင် ရုပ်​တု​အား​ပူ​ဇော်​ထား​သော​အ​ရာ​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည် သို့​မ​ဟုတ် ရုပ်​တု​သည် အ​ရေး​ပါ​သော​အ​ရာ​ဖြစ်​သည်​ဟု ငါ​ဆို​လို​သ​လော။

20. ထို​သို့​မ​ဆို​လို။ သူ​တို့​ပူ​ဇော်​သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်​ဆိုး​များ​ထံ​ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်​ဆိုး​တို့​နှင့် စပ်​ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။

21. သင်​တို့​သည် သ​ခင်​ဘု​ရား​၏​ခွက်​ကို​သောက်​လျှင် နတ်​ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သ​ခင်​ဘု​ရား​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​လျှင် နတ်​ဆိုး​တို့​၏​စား​ပွဲ​ကို မျှ​ဝေ​ခံ​ယူ​၍​မ​ရ​နိုင်။

22. ငါ​တို့​သည် သ​ခင်​ဘု​ရား​အား သ​ဝန်​တို​စေ​ကြ​သ​လော။ ငါ​တို့​သည် ကိုယ်​တော်​ထက် ခွန်​အား​ကြီး​ကြ​သ​လော။

23. ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်​သိမ်း​သော​အ​မှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်​စေ​တော့။ ခပ်​သိမ်း​သော​အ​မှု​သည် တည်​ဆောက်​မြှင့်​တင်​ပေး​သည်​မ​ဟုတ်။

24. မည်​သူ​မျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူ​တိုင်း သူ​တစ်​ပါး​အ​ကျိုး​ကို​ရှာ​စေ။

25. ဈေး​၌​ရောင်း​သ​မျှ​သော​အ​သား​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

26. အ​ကြောင်း​မူ​ကား “မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​၏။”

27. မ​ယုံ​ကြည်​သူ​တစ်​စုံ​တစ်​ယောက်​က သင်​တို့​ကို​ဖိတ်​ခေါ်​၍ သင်​တို့​သွား​လို​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သ​မျှ​သော​အ​ရာ​ကို အ​သိ​စိတ်​အ​တွက်​ကြောင့် စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 10