ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:19-31 Myanmar Standard Bible (MSB)

19. အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​၌ “ငါ​သည် ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို ဖျက်​ဆီး​မည်။ ဉာဏ်​ထက်​မြက်​သော​သူ​တို့​၏​ဉာဏ်​စွမ်း​ကို​လည်း ငါ​ပစ်​ပယ်​မည်”​ဟု ရေး​ထား​၏။

20. ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဤ​လော​က​ရှိ ဝေ​ဖန်​ရေး​သ​မား​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် လော​ကီ​ဉာဏ်​ပ​ညာ​ကို မိုက်​မဲ​စေ​တော်​မူ​သည်​မ​ဟုတ်​လော။

21. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​အ​ရ ဤ​လော​က​သည် မိ​မိ​၏​ဉာဏ်​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ဟော​ပြော​ခြင်း​အ​မှု​၏​မိုက်​မဲ​သော​အ​ရာ​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို​ကယ်​တင်​ရန် အ​လို​ရှိ​တော်​မူ​၏။

22. ဂျူး​လူ​မျိုး​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂ​ရိ​လူ​မျိုး​တို့​သည် ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​တတ်​ကြ​၏။

23. ငါ​တို့​မူ​ကား လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ဂျူး​လူ​မျိုး​တို့​အ​တွက် မှား​ယွင်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြီး လူ​မျိုး​ခြား​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။

24. သို့​သော် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​အ​တွက် ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော်​ဖြစ်​၏။

25. အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​မိုက်​မဲ​ခြင်း​သည် လူ​တို့​၏​ပ​ညာ​ရှိ​ခြင်း​ထက် ပ​ညာ​ရှိ​၏။ ဘု​ရား​သ​ခင်​၏​အား​နည်း​ခြင်း​သည် လူ​တို့​ထက် ခွန်​အား​ကြီး​၏။

26. ညီ​အစ်​ကို​တို့၊ သင်​တို့​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​စဉ်​က​အ​ကြောင်း​ကို ဆင်​ခြင်​ကြ​လော့။ လူ့​အ​မြင်​အ​ရ သင်​တို့​တွင် ပ​ညာ​ရှိ​များ​စွာ​မ​ပါ။ အ​စွမ်း​ထက်​သော​သူ​များ​စွာ​မ​ပါ။ မြင့်​မြတ်​သော​သူ​များ​စွာ​မ​ပါ။

27. သို့​သော် ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။ ခွန်​အား​ကြီး​သော​သူ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ အား​နည်း​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။

28. ထို့​ပြင် အ​ရေး​ပါ​သော​သူ​တို့​ကို​ပယ်​ဖျက်​ရန် အ​ရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လော​က​ရှိ အ​ဆင့်​အ​တန်း​နိမ့်​သော​သူ​များ​နှင့် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ခံ​ရ​သော​သူ​များ​ကို ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​၏။

29. ထို့​ကြောင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မည်​သူ​မျှ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။

30. သင်​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၌​တည်​နေ​ကြ​၏။ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော ဉာဏ်​ပ​ညာ​ဖြစ်​တော်​မူ​ပြီး ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း​နှင့် ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ​၏။

31. သို့​ဖြစ်​၍ ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ “ဝါ​ကြွား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၌​သာ ဝါ​ကြွား​စေ။”

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1