ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:12-23 Myanmar Standard Bible (MSB)

12. သင်​တို့​အ​သီး​သီး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​ဆို​နေ​ကြ​သော​ကြောင့် ဤ​စ​ကား​ကို ယ​ခု ငါ​ပြော​ရ​၏။

13. ခ​ရစ်​တော်​ကို ကွဲ​ပြား​စေ​ကြ​ပြီ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ကို ခံ​ရ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု​၏​နာ​မ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​သ​လော။

14. ငါ​သည် သင်​တို့​ထဲ​မှ က​ရိပ္ပု​နှင့်​ဂါ​ယု​တို့​မှ​တစ်​ပါး အ​ခြား​မည်​သူ့​ကို​မျှ ဗတ္တိ​ဇံ​မ​ပေး​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

15. သို့​ဖြစ်​၍ ငါ​၏​နာ​မ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​သည်​ဟု မည်​သူ​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။

16. ငါ​သည် သ​တေ​ဖ​နာ​၏​အိမ်​သူ​အိမ်​သား​များ​ကို​လည်း ဗတ္တိ​ဇံ​ပေး​ခဲ့​ပါ​၏။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​စုံ​တစ်​ဦး​အား ဗတ္တိ​ဇံ​ပေး​ခဲ့​သည်​မ​ပေး​ခဲ့​သည်​ကို ငါ​မ​မှတ်​မိ​ချေ။

17. အ​ကြောင်း​မူ​ကား ဗတ္တိ​ဇံ​ပေး​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​စေ​ရန် စေ​လွှတ်​တော်​မူ​၏။ ထို​သို့​ဟော​ပြော​ရာ​၌​လည်း ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ရန် နှုတ်​အ​တတ်​အား​ဖြင့်​ဟော​ပြော​ရန်​မ​ဟုတ်။

18. အ​ကြောင်း​မူ​ကား လက်​ဝါး​ကပ်​တိုင်​တော်​နှင့်​ဆိုင်​သော​သ​တင်း​စ​ကား​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​သော်​လည်း ကယ်​တင်​ခြင်း​ခံ​ရ​သော​ငါ​တို့​အ​တွက်​မူ​ကား ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။

19. အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​၌ “ငါ​သည် ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို ဖျက်​ဆီး​မည်။ ဉာဏ်​ထက်​မြက်​သော​သူ​တို့​၏​ဉာဏ်​စွမ်း​ကို​လည်း ငါ​ပစ်​ပယ်​မည်”​ဟု ရေး​ထား​၏။

20. ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဤ​လော​က​ရှိ ဝေ​ဖန်​ရေး​သ​မား​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် လော​ကီ​ဉာဏ်​ပ​ညာ​ကို မိုက်​မဲ​စေ​တော်​မူ​သည်​မ​ဟုတ်​လော။

21. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​အ​ရ ဤ​လော​က​သည် မိ​မိ​၏​ဉာဏ်​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ဟော​ပြော​ခြင်း​အ​မှု​၏​မိုက်​မဲ​သော​အ​ရာ​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို​ကယ်​တင်​ရန် အ​လို​ရှိ​တော်​မူ​၏။

22. ဂျူး​လူ​မျိုး​တို့​သည် နိ​မိတ်​လက္ခ​ဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂ​ရိ​လူ​မျိုး​တို့​သည် ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​တတ်​ကြ​၏။

23. ငါ​တို့​မူ​ကား လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ဂျူး​လူ​မျိုး​တို့​အ​တွက် မှား​ယွင်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြီး လူ​မျိုး​ခြား​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1