ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:1-14 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော ငါ​ပေါ​လု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည်

2. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​ကို​ပတ္ထ​နာ​ပြု​ကြ​သည့် အ​ရပ်​ရပ်​တို့​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ​သန့်​ရှင်း​သူ​အ​ဖြစ်​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​၍ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​များ​တည်း​ဟူ​သော ကော​ရိန္သု​မြို့​၌​ရှိ​သည့် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်​တော်​သည် ထို​ပတ္တ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​နှင့် ငါ​တို့​၏​သ​ခင်​ဖြစ်​တော်​မူ​၏။

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

4. ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည် သင်​တို့​အ​တွက် ငါ့​ဘု​ရား​သ​ခင်​ကို အ​စဉ်​အ​မြဲ​ကျေး​ဇူး​တင်​၏။

5. အ​ကြောင်း​မူ​ကား သင်​တို့​သည် နှုတ်​သတ္တိ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ ဉာဏ်​သတ္တိ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ အ​ရာ​ရာ​တို့​၌ ခ​ရစ်​တော်​အား​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​၍

6. ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သက်​သေ​ခံ​ချက်​သည် သင်​တို့​၌ အ​တည်​ပြု​ခြင်း​ခံ​ရ​၏။

7. ထို့​ကြောင့် သင်​တို့​သည် ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​မျှ လစ်​ဟင်း​နေ​သည်​ဟူ​၍​မ​ရှိ​ဘဲ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို စောင့်​မျှော်​နေ​ကြ​၏။

8. ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နေ့​ရက်​တွင် သင်​တို့​၌​အ​ပြစ်​တင်​စ​ရာ​မ​ရှိ​မည့်​အ​ကြောင်း ကိုယ်​တော်​သည် သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။

9. မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ထဲ​သို့ သင်​တို့​ကို​ခေါ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​၏။

10. ညီ​အစ်​ကို​တို့၊ သင်​တို့​အား​လုံး​သည် ပြော​ဆို​ရာ​၌​ညီ​ညွတ်​မှု​ရှိ​၍ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ တစ်​စိတ်​တစ်​သ​ဘော​တည်း​ဖြင့် စည်း​စည်း​လုံး​လုံး​ရှိ​ကြ​မည့်​အ​ကြောင်း ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

11. အ​ကြောင်း​မူ​ကား ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​တွင် ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​ရှိ​သည်​ဟု ခ​လော​ဣ​အိမ်​သား​များ​က သင်​တို့​အ​ကြောင်း​ကို ငါ့​အား​ပြော​ပြ​ကြ​၏။

12. သင်​တို့​အ​သီး​သီး​က “ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်​သည်။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်​သည်”​ဟု ပြော​ဆို​နေ​ကြ​သော​ကြောင့် ဤ​စ​ကား​ကို ယ​ခု ငါ​ပြော​ရ​၏။

13. ခ​ရစ်​တော်​ကို ကွဲ​ပြား​စေ​ကြ​ပြီ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ကို ခံ​ရ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု​၏​နာ​မ​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြ​သ​လော။

14. ငါ​သည် သင်​တို့​ထဲ​မှ က​ရိပ္ပု​နှင့်​ဂါ​ယု​တို့​မှ​တစ်​ပါး အ​ခြား​မည်​သူ့​ကို​မျှ ဗတ္တိ​ဇံ​မ​ပေး​ခဲ့​သော​ကြောင့် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1