ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8:5-16 Myanmar Standard Bible (MSB)

5. သူ​တို့​သည် ငါ​တို့​မျှော်​လင့်​ထား​သည့်​အ​တိုင်း​ထက်​မ​က​ပြု​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ မိ​မိ​တို့​ကိုယ်​ကို သ​ခင်​ဘု​ရား​ထံ​တော်​သို့ ဦး​စွာ​ဆက်​ကပ်​ပြီး​နောက် ငါ​တို့​ထံ​သို့​လည်း ဆက်​ကပ်​ကြ​၏။

6. ထို့​ကြောင့် တိ​တု​သည် ထို​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​ကို သင်​တို့​တွင်​အ​စ​ပြု​ခဲ့​သ​ကဲ့​သို့ ပြီး​ပြည့်​စုံ​သည့်​တိုင်​အောင်​ပြု​မည့်​အ​ကြောင်း သူ့​ကို ငါ​တို့​တိုက်​တွန်း​ကြ​၏။

7. သင်​တို့​သည် ယုံ​ကြည်​ခြင်း​၌​ဖြစ်​စေ၊ ဟော​ပြော​ခြင်း​၌​ဖြစ်​စေ၊ အ​သိ​ပ​ညာ​၌​ဖြစ်​စေ၊ လုံ့​လ​ဝီ​ရိ​ယ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ ငါ​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​၌​ဖြစ်​စေ အ​ရာ​ရာ​၌ ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည့်​နည်း​တူ ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​၌​လည်း ကြွယ်​ဝ​ပြည့်​စုံ​ကြ​ပါ​စေ။

8. ထို​သို့​ဆို​သော် ပ​ညတ်​ချက်​အ​နေ​ဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အ​ခြား​သူ​တို့​၏​စိတ်​အား​ထက်​သန်​မှု​အား​ဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်​မှန်​မှု​ကို စစ်​ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။

9. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်​တော်​သည် ကြွယ်​ဝ​သော်​လည်း သူ​၏​ဆင်း​ရဲ​ခြင်း​အား​ဖြင့် သင်​တို့​ကြွယ်​ဝ​ကြ​မည့်​အ​ကြောင်း သင်​တို့​အ​တွက် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​၏။

10. ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ အ​ကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အ​ကြံ​ကား လွန်​ခဲ့​သော​နှစ်​က​တည်း​က ဤ​အ​မှု​ကို အ​စ​ပြု​ခဲ့​သည်​သာ​မ​က ပြု​လုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အ​တွက် အ​ကျိုး​ရှိ​၏။

11. သင်​တို့​သည် ဆောင်​ရွက်​လို​သည့်​စေ​တ​နာ​စိတ်​ရှိ​သည့်​အ​တိုင်း ရှိ​သည့်​အ​ရာ​ဖြင့် ပြီး​စီး​အောင်​ဆောင်​ရွက်​နိုင်​ရန် ယ​ခု ထို​အ​မှု​ကို​ပြီး​စီး​အောင် ဆောင်​ရွက်​ကြ​လော့။

12. အ​ကြောင်း​မူ​ကား စေ​တ​နာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အ​ရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အ​ရာ​ကို​ထောက်​၍ နှစ်​သက်​လက်​ခံ​တော်​မူ​၏။

13. ဤ​အ​မှု​အ​ရာ​အား​ဖြင့် အ​ခြား​သူ​တို့​ကို​သက်​သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေ​ရန်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​သာ​ဖြစ်​၏။

14. ယ​ခု​အ​ချိန်​တွင် သင်​တို့​၏​ကြွယ်​ဝ​မှု​သည် သူ​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်​ဝ​မှု​သည်​လည်း သင်​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​ကြ​လိမ့်​မည်။

15. ထို​အ​ခါ “များ​များ​ရ​သော​သူ​လည်း​မ​ပို နည်း​နည်း​ရ​သော​သူ​လည်း​မ​လို”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း ညီ​တူ​ညီ​မျှ​ဖြစ်​လိမ့်​မည်။

16. သင်​တို့​အ​ပေါ် ငါ​ထား​ရှိ​သော စိတ်​အား​ထက်​သန်​မှု​မျိုး​ကို တိ​တု​၏​စိတ်​နှ​လုံး​ထဲ​၌ ထည့်​သွင်း​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​ချီး​မွမ်း​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8