ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8:1-6 Myanmar Standard Bible (MSB)

1. ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း​တော်​များ​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြော​ပြ​လို​ပါ​၏။

2. သူ​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ကြောင့် ပြင်း​ထန်​သော​စမ်း​သပ်​ခြင်း​ကို​ခံ​ခဲ့​ရ​သော်​လည်း သူ​တို့​၏​ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​နှင့် အ​လွန်​ဆင်း​ရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်​ရော​စွာ​ပေး​ကမ်း​ခြင်း​တည်း​ဟူ​သော စည်း​စိမ်​အ​ဖြစ်​သို့ ရောက်​လေ​၏။

3. ငါ​သက်​သေ​ခံ​သည်​ကား သူ​တို့​သည် မိ​မိ​တို့​စိတ်​ဆန္ဒ​အ​လျောက် တတ်​နိုင်​သည့်​အ​တိုင်း​သာ​မ​က တတ်​နိုင်​သည်​ထက် ပို​၍​ပေး​ကမ်း​လျက်

4. သန့်​ရှင်း​သူ​တို့​အား ဝေ​မျှ​ခြင်း​အ​မှု​၌ ပါ​ဝင်​ရ​သော​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ရန် ငါ​တို့​ကို အ​နူး​အ​ညွတ်​မေတ္တာ​ရပ်​ခံ​၍ တောင်း​ပန်​ကြ​၏။

5. သူ​တို့​သည် ငါ​တို့​မျှော်​လင့်​ထား​သည့်​အ​တိုင်း​ထက်​မ​က​ပြု​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ မိ​မိ​တို့​ကိုယ်​ကို သ​ခင်​ဘု​ရား​ထံ​တော်​သို့ ဦး​စွာ​ဆက်​ကပ်​ပြီး​နောက် ငါ​တို့​ထံ​သို့​လည်း ဆက်​ကပ်​ကြ​၏။

6. ထို့​ကြောင့် တိ​တု​သည် ထို​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​ကို သင်​တို့​တွင်​အ​စ​ပြု​ခဲ့​သ​ကဲ့​သို့ ပြီး​ပြည့်​စုံ​သည့်​တိုင်​အောင်​ပြု​မည့်​အ​ကြောင်း သူ့​ကို ငါ​တို့​တိုက်​တွန်း​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8