ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 7:4-11 Myanmar Standard Bible (MSB)

4. ငါ​သည် သင်​တို့​ကို အ​လွန်​ယုံ​ကြည်​စိတ်​ချ​၍ သင်​တို့​အ​တွက် များ​စွာ​ဂုဏ်​ယူ​၏။ ငါ​သည် နှစ်​သိမ့်​မှု​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​၍ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​တို့​၌ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။

5. မာ​ကေ​ဒေါ​နိ​ပြည်​သို့ ငါ​တို့​ရောက်​သော​အ​ခါ ငါ​တို့​၏​ကိုယ်​ကာ​ယ​သည် နား​နေ​ရန်​အ​ခွင့်​မ​ရ​ဘဲ အ​ပြင်​၌​တိုက်​ခိုက်​ခြင်း​များ၊ အ​တွင်း​၌​ကြောက်​ရွံ့​ခြင်း​များ​ရှိ​၍ အ​ဘက်​ဘက်​မှ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​၏။

6. သို့​သော် အား​ငယ်​သော​သူ​တို့​ကို​နှစ်​သိမ့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် တိ​တု​ရောက်​ရှိ​လာ​ခြင်း​အား​ဖြင့် ငါ​တို့​ကို​နှစ်​သိမ့်​ပေး​တော်​မူ​၏။

7. တိ​တု​ရောက်​ရှိ​လာ​ခြင်း​အား​ဖြင့်​သာ​မ​က တိ​တု​သည် သင်​တို့​ထံ​မှ​ရ​ရှိ​သော​နှစ်​သိမ့်​မှု​အား​ဖြင့်​လည်း ငါ​တို့​ကို နှစ်​သိမ့်​ပေး​တော်​မူ​၏။ တစ်​နည်း​ဆို​သော် သင်​တို့​သည် ငါ့​ကို​လွမ်း​ဆွတ်​နေ​ကြောင်း၊ အ​လွန်​ဝမ်း​နည်း​နေ​ကြောင်း​နှင့် ငါ့​အ​ပေါ်​စေ​တ​နာ​စိတ်​ထက်​သန်​လျက်​ရှိ​ကြောင်း​တို့​ကို ငါ​တို့​အား တိ​တု​ပြော​ပြ​သော​ကြောင့် ငါ​သည် ပို​၍​ဝမ်း​မြောက်​၏။

8. ငါ​ရေး​လိုက်​သော​စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​ခဲ့​သော်​လည်း ငါ​သည် စိတ်​မ​ကောင်း​မ​ဖြစ်​ပေ။ ထို​စာ​သည် သင်​တို့​ကို ခေတ္တ​ခ​ဏ​ဝမ်း​နည်း​စေ​ခဲ့​သည်​ကို ငါ​မြင်​၍ စိတ်​မ​ကောင်း​ဖြစ်​ခဲ့​လျှင်​ပင်

9. ယ​ခု ငါ​ဝမ်း​မြောက်​လျက်​ရှိ​၏။ ထို​သို့​ဆို​သော် သင်​တို့​ကို​ဝမ်း​နည်း​စေ​ခဲ့​သော​ကြောင့် ငါ​ဝမ်း​မြောက်​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်း​နည်း​ခြင်း​သည် သင်​တို့​ကို နောင်​တ​ရ​စေ​သော​ကြောင့်​သာ​ဖြစ်​၏။ အ​မှန်​စင်​စစ် သင်​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ဝမ်း​နည်း​ကြ​ရ​သည်​ဖြစ်​၍ ငါ​တို့​ကြောင့် မည်​သည့်​ဆုံး​ရှုံး​မှု​ကို​မျှ မ​ခံ​စား​ရ​ချေ။

10. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ယူ​ကျုံး​မ​ရ​မ​ဖြစ်​ရ​လေ​အောင် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​သည့် နောင်​တ​စိတ်​ကို​ဖြစ်​ပေါ်​စေ​၏။ လော​ကီ​ဝမ်း​နည်း​ခြင်း​မူ​ကား သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။

11. ကြည့်​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​ညီ​သော ဤ​ဝမ်း​နည်း​ခြင်း​သည် သင်​တို့​အ​ထဲ​တွင် မည်​သို့​သော ကြိုး​စား​အား​ထုတ်​ခြင်း၊ ဖြေ​ရှင်း​ချက်​ပေး​ခြင်း၊ မ​ခံ​မ​ရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ အ​လွန်​တောင့်​တ​ခြင်း၊ စိတ်​အား​ထက်​သန်​ခြင်း​နှင့် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​တို့​ကို ဖြစ်​ပေါ်​စေ​ခဲ့​သ​နည်း။ သင်​တို့​သည် ဤ​အ​မှု​၌​အ​ပြစ်​ကင်း​စင်​ကြောင်း သင်​တို့​ကိုယ်​တိုင် အ​ရာ​ရာ​၌​ထင်​ရှား​စေ​ကြ​ပြီ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 7