ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 7:12-16 Myanmar Standard Bible (MSB)

12. သို့​ဖြစ်​၍ ငါ​သည် သင်​တို့​ထံ​သို့​ရေး​သား​ခဲ့​ခြင်း​မှာ ပြစ်​မှား​သော​သူ​အ​တွက်​ကြောင့်​မ​ဟုတ်။ ပြစ်​မှား​ခြင်း​ခံ​ရ​သော​သူ​အ​တွက်​ကြောင့်​လည်း​မ​ဟုတ်။ ငါ​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​စိတ်​အား​ထက်​သန်​မှု​ကို ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ကြ​စေ​ရန်​အ​တွက်​သာ​ဖြစ်​၏။

13. ထို့​ကြောင့် ငါ​တို့​သည် နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​ကြ​၏။ ငါ​တို့​ခံ​စား​ရ​သော​နှစ်​သိမ့်​မှု​အ​ပြင် တိ​တု​၏​စိတ်​နှ​လုံး​သည် သင်​တို့​အား​လုံး​ကြောင့် ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ခံ​စား​ရ​သည်​ဖြစ်​၍ သူ​၏​ဝမ်း​မြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို​၍​ဝမ်း​မြောက်​ကြ​၏။

14. ငါ​သည် သင်​တို့​အ​ကြောင်း​ကို တိ​တု​အား အ​နည်း​ငယ်​ဝါ​ကြွား​ခဲ့​သော်​လည်း အ​ရှက်​မ​ရ​ခဲ့​ပေ။ အ​ကြောင်း​မူ​ကား သင်​တို့​အား ငါ​တို့​ပြော​ခဲ့​သော​အ​ရာ​အား​လုံး​တို့​သည် ဟုတ်​မှန်​သည့်​နည်း​တူ တိ​တု​ကို ငါ​တို့​ဝါ​ကြွား​ထား​သော​အ​ရာ​သည်​လည်း ဟုတ်​မှန်​ကြောင်း​ထင်​ရှား​ခဲ့​ပြီ။

15. တိ​တု​သည် သင်​တို့​အား​လုံး​၏​နာ​ခံ​မှု​နှင့် သင်​တို့​သည် သူ့​ကို​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ဖြင့် ကြို​ဆို​လက်​ခံ​ခဲ့​ကြောင်း​ကို သ​တိ​ရ​သ​ဖြင့် သင်​တို့​ကို ပို​၍​ကြွယ်​ဝ​စွာ​ချစ်​ခင်​ကြင်​နာ​လေ​၏။

16. ငါ​သည် သင်​တို့​ကို အ​ရာ​ရာ​၌​ယုံ​ကြည်​စိတ်​ချ​ရ​သော​ကြောင့် ဝမ်း​မြောက်​လျက်​ရှိ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 7