1. ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
2. အကြောင်းမူကား ကိုယ်တော်က “ငါသည် နှစ်သက်လက်ခံဖွယ်ရာအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုကူညီမစပြီ”ဟု မိန့်တော်မူ၏။ ကြည့်ရှုလော့။ ယခုပင် နှစ်သက်လက်ခံဖွယ်ရာအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။
3. အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ