ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5:8-14 Myanmar Standard Bible (MSB)

8. ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​ခန္ဓာ​မှ​ကွာ​လျက် သ​ခင်​ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​ရန် သာ​၍​အ​လို​ရှိ​ကြ​၏။

9. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​ခန္ဓာ​၌​ရှိ​သည်​ဖြစ်​စေ၊ ဝေး​ကွာ​လျက်​ရှိ​သည်​ဖြစ်​စေ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​ဖြစ်​မည့်​အ​ကြောင်း ရည်​မှန်း​ကြိုး​စား​ကြ​၏။

10. အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ကိုယ်​ခန္ဓာ​၌​ရှိ​စဉ် ပြု​ကျင့်​သည့်​အ​တိုင်း ကောင်း​သော​အ​မှု​အ​တွက်​ဖြစ်​စေ၊ ဆိုး​ညစ်​သော​အ​မှု​အ​တွက်​ဖြစ်​စေ အ​ကျိုး​အ​ပြစ်​ကို အ​သီး​သီး​ခံ​စား​ရ​ရန် ခ​ရစ်​တော်​၏​တ​ရား​ပလ္လင်​ရှေ့​၌ ပေါ်​လာ​ကြ​ရ​မည်။

11. ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​ကို ငါ​တို့​သိ​သ​ဖြင့် လူ​တို့​ကို​စည်း​ရုံး​ကြ​၏။ ငါ​တို့​အ​ကြောင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ထင်​ရှား​ပြီ​ဖြစ်​၍ သင်​တို့​၏​အ​သိ​စိတ်​၌​လည်း ထင်​ရှား​ပြီ​ဟု ငါ​မျှော်​လင့်​၏။

12. ငါ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို တစ်​ဖန် သင်​တို့​ရှေ့​၌ ထောက်​ခံ​ချီး​ကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့​သော် စိတ်​နှ​လုံး​ကို​မ​ကြည့်​ဘဲ အ​ပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါ​ကြွား​တတ်​သော​သူ​တို့​၏​စ​ကား​ကို သင်​တို့​ပြန်​လည်​ချေ​ပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်​သက်​၍ ဝါ​ကြွား​ရ​သော​အ​ခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။

13. အ​ကြောင်း​မူ​ကား ငါ​တို့​သည် စိတ်​ဖောက်​ပြန်​နေ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​အ​တွက်​ဖြစ်​၍ ပ​က​တိ​စိတ်​ရှိ​လျှင် သင်​တို့​အ​တွက်​ဖြစ်​၏။

14. အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်း​မိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤ​သို့​ယူ​ဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​သည်​ဖြစ်​၍ လူ​အ​ပေါင်း​တို့​သည် သေ​ဆုံး​ခဲ့​ကြ​ပြီ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5