ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5:1-9 Myanmar Standard Bible (MSB)

1. ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေ​ကြီး​အိမ်​သည် ပျက်​စီး​သွား​လျှင် ကောင်း​ကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်​ဆောက်၊ ဘု​ရား​သ​ခင်​တည်​ဆောက်​တော်​မူ​သော ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

2. ငါ​တို့​သည် ကောင်း​ကင်​မှ ငါ​တို့​၏​စံ​အိမ်​ကို​လွှမ်း​ခြုံ​ရ​ရန် တောင့်​တ​၍ ဤ​တဲ​တွင်​ညည်း​တွား​ကြ​၏။

3. ထို​သို့​လွှမ်း​ခြုံ​ရ​လျှင် ငါ​တို့​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​ကြ​လိမ့်​မည်​မ​ဟုတ်။

4. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဤ​ယာ​ယီ​တဲ​တွင်​ရှိ​နေ​စဉ် လေး​လံ​သော​ဝန်​ကို​ထမ်း​၍ ညည်း​တွား​ကြ​၏။ ထို​သို့​ညည်း​တွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်​ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အ​ပေါ်​၌​လွှမ်း​ခြုံ​လို​၍​သာ​ဖြစ်​ပြီး ထို​သို့​အား​ဖြင့် သေ​တတ်​သော​အ​ရာ​သည် အ​သက်​ရှင်​ခြင်း​ထဲ​တွင် နစ်​မြုပ်​စေ​ခြင်း​ခံ​ရ​ရန်​ဖြစ်​၏။

5. ဤ​အ​မှု​အ​ရာ​အ​တွက် ငါ​တို့​ကို​ပြင်​ဆင်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဝိ​ညာဉ်​တော်​ကို စ​ရန်​အ​ဖြစ် ငါ​တို့​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။

6. ထို့​ကြောင့် ငါ​တို့​သည် အ​စဉ်​အ​မြဲ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်​ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သ​ရွေ့ သ​ခင်​ဘု​ရား​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။

7. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​မြင်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​၏။

8. ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​ခန္ဓာ​မှ​ကွာ​လျက် သ​ခင်​ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​ရန် သာ​၍​အ​လို​ရှိ​ကြ​၏။

9. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​ခန္ဓာ​၌​ရှိ​သည်​ဖြစ်​စေ၊ ဝေး​ကွာ​လျက်​ရှိ​သည်​ဖြစ်​စေ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​ဖြစ်​မည့်​အ​ကြောင်း ရည်​မှန်း​ကြိုး​စား​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5