ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:6-18 Myanmar Standard Bible (MSB)

6. “အ​မှောင်​ထဲ​မှ အ​လင်း​ထွန်း​လင်း​စေ”​ဟု မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​တော်​၏​မျက်​နှာ​တော်​၌​ထွန်း​လင်း​သည့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အ​လင်း​ရောင်​အား ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌ ထွန်း​လင်း​စေ​တော်​မူ​၏။

7. သို့​သော် အ​လွန်​ထူး​မြတ်​သော ဤ​တန်​ခိုး​သည် ငါ​တို့​ထံ​မှ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ငါ​တို့​သည် ဤ​ရ​တ​နာ​ကို မြေ​အိုး​ထဲ​၌​ဆောင်​ထား​ကြ​၏။

8. ငါ​တို့​သည် အ​ဘက်​ဘက်​မှ​နှိပ်​စက်​ခြင်း​ခံ​ရ​သော်​လည်း ချေ​မှုန်း​ခြင်း​မ​ခံ​ရ။ တွေး​မ​ရ​ဖြစ်​သော်​လည်း မျှော်​လင့်​ချက်​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။

9. ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း စွန့်​ပစ်​ခြင်း​ကို​မ​ခံ​ရ။ အ​လဲ​ထိုး​ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​သို့​မ​ရောက်။

10. ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်​ခန္ဓာ​၌ ထင်​ရှား​မည့်​အ​ကြောင်း ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ငါ​တို့​ကိုယ်​ခန္ဓာ​၌ အ​စဉ်​ဆောင်​ထား​ကြ​၏။

11. ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်​ကာ​ယ​၌ ထင်​ရှား​မည့်​အ​ကြောင်း အ​သက်​ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​မ​ပြတ်​အပ်​နှံ​ခြင်း​ကို​ခံ​ရ​ကြ​၏။

12. ဤ​သို့​ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၍ အ​သက်​ရှင်​ခြင်း​သည် သင်​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၏။

13. “ငါ​ယုံ​ကြည်​သော​ကြောင့် ငါ​ဟော​ပြော​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း ထို​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​သည်​လည်း ယုံ​ကြည်​သော​ကြောင့် ဟော​ပြော​ကြ​၏။

14. အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​သည် ငါ​တို့​ကို​လည်း ယေ​ရှု​နှင့်​အ​တူ​ထ​မြောက်​စေ​၍ သင်​တို့​နှင့်​အ​တူ ရှေ့​တော်​သို့​ခေါ်​သွင်း​တော်​မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

15. ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​တွက်​ဖြစ်​၏။ ဤ​သည်​ကား များ​စွာ​သော​သူ​တို့​၌ ကျေး​ဇူး​တော်​သည်​တိုး​ပွား​လာ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​မည့်​အ​ကြောင်း​တည်း။

16. ထို့​ကြောင့် ငါ​တို့​သည် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်​ပ​လူ့​ခန္ဓာ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော်​လည်း ငါ​တို့​၏​အ​တွင်း​ဝိ​ညာဉ်​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ အ​သစ်​ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။

17. အ​ကြောင်း​မူ​ကား ငါ​တို့​ခေတ္တ​ခံ​ရ​သော ပေါ့​ပါး​သည့်​ဆင်း​ရဲ​ဒုက္ခ​သည် အ​တိုင်း​ထက်​အ​လွန် ထူး​မြတ်​၍​လေး​နက်​သော ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​တွက်​ဖြစ်​စေ​၏။

18. ထို့​ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အ​ရာ​တို့​ကို အာ​ရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​ကြ​၏။ အ​ကြောင်း​မူ​ကား မြင်​ရ​သော​အ​ရာ​တို့​သည် ခ​ဏ​သာ​တည်​၍ မ​မြင်​ရ​သော​အ​ရာ​တို့​သည် ထာ​ဝ​ရ​တည်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4