ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:6-13 Myanmar Standard Bible (MSB)

6. “အ​မှောင်​ထဲ​မှ အ​လင်း​ထွန်း​လင်း​စေ”​ဟု မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​တော်​၏​မျက်​နှာ​တော်​၌​ထွန်း​လင်း​သည့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အ​လင်း​ရောင်​အား ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌ ထွန်း​လင်း​စေ​တော်​မူ​၏။

7. သို့​သော် အ​လွန်​ထူး​မြတ်​သော ဤ​တန်​ခိုး​သည် ငါ​တို့​ထံ​မှ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ငါ​တို့​သည် ဤ​ရ​တ​နာ​ကို မြေ​အိုး​ထဲ​၌​ဆောင်​ထား​ကြ​၏။

8. ငါ​တို့​သည် အ​ဘက်​ဘက်​မှ​နှိပ်​စက်​ခြင်း​ခံ​ရ​သော်​လည်း ချေ​မှုန်း​ခြင်း​မ​ခံ​ရ။ တွေး​မ​ရ​ဖြစ်​သော်​လည်း မျှော်​လင့်​ချက်​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။

9. ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း စွန့်​ပစ်​ခြင်း​ကို​မ​ခံ​ရ။ အ​လဲ​ထိုး​ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​သို့​မ​ရောက်။

10. ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်​ခန္ဓာ​၌ ထင်​ရှား​မည့်​အ​ကြောင်း ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ငါ​တို့​ကိုယ်​ခန္ဓာ​၌ အ​စဉ်​ဆောင်​ထား​ကြ​၏။

11. ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်​ကာ​ယ​၌ ထင်​ရှား​မည့်​အ​ကြောင်း အ​သက်​ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​မ​ပြတ်​အပ်​နှံ​ခြင်း​ကို​ခံ​ရ​ကြ​၏။

12. ဤ​သို့​ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၍ အ​သက်​ရှင်​ခြင်း​သည် သင်​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၏။

13. “ငါ​ယုံ​ကြည်​သော​ကြောင့် ငါ​ဟော​ပြော​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း ထို​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​သည်​လည်း ယုံ​ကြည်​သော​ကြောင့် ဟော​ပြော​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4