ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:1-3 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ငါ​တို့​သည် က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​လျက် ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည်​ဖြစ်​၍ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​ချေ။

2. ငါ​တို့​သည် ကွယ်​ဝှက်​ထား​သည့် ရှက်​ဖွယ်​ရာ​များ​ကို​စွန့်​ပယ်​၍ ပ​ရိ​ယာယ်​၌​ကျင်​လည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို မ​လိမ့်​တ​ပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာ​တ​ရား​ကို အ​တိ​အ​လင်း​ဖော်​ပြ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ လူ​အ​ပေါင်း​တို့​၏​အ​သိ​စိတ်​တွင် မိ​မိ​တို့​ကိုယ်​ကို​ထင်​ရှား​စေ​ကြ​၏။

3. ငါ​တို့​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​သည် ဖုံး​အုပ်​ခြင်း​ခံ​ရ​သည်​ဆို​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံး​အုပ်​ခြင်း​ခံ​ရ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4