ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:5-13 Myanmar Standard Bible (MSB)

5. ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ခု​သည် ငါ​တို့​ထံ​မှ​ဖြစ်​လာ​သည်​ဟု သတ်​မှတ်​နိုင်​ရန် ငါ​တို့​၌​အ​စွမ်း​အ​စ​ရှိ​သည်​ဟု​မ​ဆို​လို။ ငါ​တို့​၏​အ​စွမ်း​အ​စ​သည် ဘု​ရား​သ​ခင်​ထံ​မှ​သာ​ဖြစ်​၏။

6. ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပ​ဋိ​ညာဉ်​သစ်​၏​အ​မှု​ကို​ဆောင်​ရွက်​နိုင်​သော​အ​စွမ်း​အ​စ​ကို​ပေး​တော်​မူ​၏။ ထို​ပ​ဋိ​ညာဉ်​သစ်​သည် အက္ခ​ရာ​တင်​ထား​သော​တ​ရား​နှင့်​မ​ဆိုင်၊ ဝိ​ညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အ​ကြောင်း​မူ​ကား အက္ခ​ရာ​တင်​ထား​သော​တ​ရား​သည် အ​သက်​ကို​သေ​စေ​၍ ဝိ​ညာဉ်​တော်​မူ​ကား အ​သက်​ကို​ရ​ရှိ​စေ​၏။

7. ကျောက်​ပြား​ပေါ်​ရေး​ထွင်း​၍ အက္ခ​ရာ​တင်​ထား​သော သေ​ခြင်း​နှင့်​ဆိုင်​သည့် အ​မှု​ပင်​လျှင် ဘုန်း​အ​သ​ရေ​ဖြင့်​ရောက်​လာ​၍ မော​ရှေ​၏​မျက်​နှာ​မှ​ထွက်​သော မှေး​မှိန်​သွား​သည့်​ဘုန်း​အ​သ​ရေ​ကြောင့် အစ္စ​ရေး​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆို​လျှင်

8. ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​အ​မှု​သည် မည်​မျှ​ပို​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်​နည်း။

9. အ​ကြောင်း​မူ​ကား အ​ပြစ်​ကို​ထင်​ရှား​စေ​သည့်​အ​မှု​၌ ဘုန်း​အ​သ​ရေ​ရှိ​လျှင် ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သော​အ​မှု​သည် သာ​၍​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​ပေ​လိမ့်​မည်။

10. အ​မှန်​စင်​စစ် ယ​ခင်​က ဘုန်း​အ​သ​ရေ​ရှိ​သော​အ​ရာ​သည် ဤ​နေ​ရာ​၌ ထူး​ကဲ​သော​ဘုန်း​အ​သ​ရေ​ကြောင့် ဘုန်း​အ​သ​ရေ​မဲ့​သွား​ရ​၏။

11. မှေး​မှိန်​သွား​သော​အ​ရာ​၌ ဘုန်း​အ​သ​ရေ​ရှိ​လျှင် တည်​မြဲ​သော​အ​ရာ​၌ သာ​၍​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​ရှိ​လိမ့်​မည်။

12. ငါ​တို့​သည် ဤ​သို့​သော​မျှော်​လင့်​ခြင်း​ရှိ​သည်​ဖြစ်​၍ အ​လွန်​ရဲ​ရင့်​စွာ​ဖြင့်​ပြု​မူ​လျက်

13. မော​ရှေ​သည် မှေး​မှိန်​သွား​သော​အ​ရာ​၏​အ​ဆုံး​ကို အစ္စ​ရေး​အ​မျိုး​သား​တို့​အား စေ့​စေ့​မ​ကြည့်​ရ​စေ​ရန် မိ​မိ​မျက်​နှာ​ကို မျက်​နှာ​လွှား​ဖြင့်​ဖုံး​အုပ်​ထား​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​ကြ​ချေ။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3