3. သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
4. ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်အားဖြင့် ထိုသို့သောယုံကြည်စိတ်ချမှုရှိကြ၏။
5. ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
6. ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။