ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:14-18 Myanmar Standard Bible (MSB)

14. ထို​သူ​တို့​၏​စိတ်​နှ​လုံး​သည် မာ​ကျော​လျက်​ရှိ​၍ ယ​နေ့​တိုင်​အောင် ပ​ဋိ​ညာဉ်​ဟောင်း​ကို​ဖတ်​သော​အ​ခါ ထို​မျက်​နှာ​လွှား​သည် ဖယ်​ရှား​ခြင်း​မ​ခံ​ရ​ဘဲ ရှိ​နေ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​မျက်​နှာ​လွှား​ကို ဖယ်​ရှား​နိုင်​၏။

15. ယ​နေ့​တိုင်​အောင် မော​ရှေ​၏​ကျမ်း​များ​ကို​ဖတ်​သည့်​အ​ခါ​တိုင်း ထို​သူ​တို့​၏​စိတ်​နှ​လုံး​ပေါ်​တွင် ထို​မျက်​နှာ​လွှား​သည် ဖုံး​အုပ်​လျက်​ရှိ​၏။

16. သို့​သော် သ​ခင်​ဘု​ရား​ထံ​သို့ ပြန်​လှည့်​လာ​သော​အ​ခါ ထို​မျက်​နှာ​လွှား​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​၏။

17. သ​ခင်​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။

18. ငါ​တို့​ရှိ​သ​မျှ​သည်​လည်း မျက်​နှာ​လွှား​မ​ပါ​သော​မျက်​နှာ​ပေါ်​တွင် သ​ခင်​ဘု​ရား​၏​ဘုန်း​တော်​ကို ထင်​ဟပ်​စေ​လျက် ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဝိ​ညာဉ်​တော်​ဖြစ်​သော သ​ခင်​ဘု​ရား​အား​ဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံ​သဏ္ဌာန်​ပြောင်း​လဲ​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3